အင်္ဂုတ္တရနိကာယ်

(၁၁) ၁-သမ္ဗောဓဝဂ်

၆-အတိတ္တိသုတ်

၁ဝ၉။ ရဟန်းတို့ တရားသုံးမျိုးတို့ကို မှီဝဲခြင်း၌ ရောင့်ရဲမှု မရှိပေ။ အဘယ်သုံးမျိုးတို့နည်းဟူမူ— ရဟန်းတို့ အိပ်ခြင်းကို မှီဝဲခြင်း၌ ရောင့်ရဲမှု မရှိ၊ ရဟန်းတို့ သေအရက်သောက်ခြင်းကို မှီဝဲခြင်း၌ ရောင့်ရဲမှု မရှိ၊ ရဟန်းတို့ မေထုန်အကျင့်သို့ ရောက်ခြင်းကို မှီဝဲခြင်း၌ ရောင့်ရဲမှု မရှိ။ ရဟန်း တို့ ဤတရားသုံးမျိုးတို့ကို မှီဝဲခြင်း၌ ရောင့်ရဲမှု မရှိပေဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။