အင်္ဂုတ္တရနိကာယ်

(၁၄) ၄-ယောဓာဇီဝဝဂ်

၂-ပရိသာသုတ်

၁၃၅။ ရဟန်းတို့ ပရိသတ်တို့သည် ဤသုံးမျိုးတို့တည်း။ အဘယ်သုံးမျိုးတို့နည်းဟူမူ— အဆုံးမခက်သဖြင့် မမေးမူ၍ ဆုံးမအပ်သော ပရိသတ်၊ အဆုံးမလွယ်သဖြင့် မေး၍ ဆုံးမအပ်သော ပရိသတ်၊ ပမာဏကို သိ၍ ဆုံးမအပ်သော ပရိသတ်တို့တည်း။ ရဟန်းတို့ ပရိသတ်တို့သည် ဤသုံးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။