အင်္ဂုတ္တရနိကာယ်

(၁၅) ၅-မင်္ဂလဝဂ်

၉-ဝန္ဒနာသုတ်

၁၅၅။ ရဟန်းတို့ ရှိခိုးခြင်းတို့သည် ဤသုံးမျိုးတို့တည်း။ အဘယ်သုံးမျိုးတို့နည်းဟူမူ— ကိုယ်ဖြင့် ရှိခိုးခြင်း၊ နှုတ်ဖြင့် ရှိခိုးခြင်း၊ စိတ်ဖြင့် ရှိခိုးခြင်းတို့တည်း။ ရဟန်းတို့ ရှိခိုးခြင်းတို့သည် ဤသုံးမျိုးတို့ ပေတည်းဟု (မိန့်တော်မူ၏)။

နဝမသုတ်။