အင်္ဂုတ္တရနိကာယ်

(၁၆) ၁-ဣန္ဒြိယဝဂ်

၃-ပညာဗလသုတ်

၁၅၃။ ရဟန်းတို့ ဗိုလ်တို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ— ပညာဗိုလ် ဝီရိယဗိုလ် အနဝဇ္ဇဗိုလ် သင်္ဂဟဗိုလ်တို့တည်း။ ရဟန်းတို့ ဗိုလ်တို့သည် ဤလေးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။

တတိယသုတ်။