အင်္ဂုတ္တရနိကာယ်
(၁၆) ၁-ဣန္ဒြိယဝဂ်
၅-ပဋိုသင်္ခါနဗလသုတ်
၁၅၅။ ရဟန်းတို့ ဗိုလ်တို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ— ပဋိသင်္ခါနဗိုလ် ဘာဝနာဗိုလ် အနဝဇ္ဇဗိုလ် သင်္ဂဟဗိုလ်တို့တည်း။ ရဟန်းတို့ ဗိုလ်တို့သည် ဤလေးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။
ပဉ္စမသုတ်။