အင်္ဂုတ္တရနိကာယ်

(၁၈) ၃-သေဉ္စတနိယဝဂ်

၂-ဝိဘတ္တိသုတ်

၁၇၂။ ထိုအခါ အသျှင်သာရိပုတြာသည် ရဟန်းတို့ကို “ငါ့သျှင် ရဟန်းတို့”ဟု ခေါ်၏။ ရဟန်းတို့သည် “ငါ့သျှင်”ဟု အသျှင်သာရိပုတြာအား ပြန်ကြား လျှောက်ထားကြကုန်၏။ အသျှင်သာရိပုတြာသည် ဤစကားကို မိန့်ဆို၏—

ငါ့သျှင်တို့ ရဟန်းဖြစ်၍ တစ်ဆယ့်ငါးရက်ရှိပြီးသော ငါသည် အနက်ငါးပါးတို့၌ အပြားအားဖြင့် ခွဲခြမ်းဝေဖန်၍ သိသော (အတ္ထပဋိသ မ္ဘိဒါ) ဉာဏ်ကို အကြောင်းအားဖြင့်, အက္ခရာအားဖြင့် မျက်မှောက် ပြုနိုင်ခဲ့ပြီ၊ ထို (အတ္ထပဋိသ မ္ဘိဒါ) ဉာဏ်ကို ငါသည် အကြောင်းအမျိုးမျိုးဖြင့် ဟောကြား၏၊ ထင်စွာ ဟောပြော၏၊ သိစေ၏၊ ဖြစ်စေ၏၊ ဖွင့်ပြ၏၊ ဝေဖန်၏၊ ပေါ်လွင်အောင် ပြု၏၊ (အတ္ထပဋိသ မ္ဘိဒါ၌) ယုံမှား တွေးတောသော ပုဂ္ဂိုလ်သည် ငါ့ကို အမေးပြဿနာဖြင့် (ချဉ်းကပ်လော့)၊ ငါသည် (ထိုသူအား) ဖြေဆိုသဖြင့် (စိတ်ကို နှစ်သက်စေအံ့)၊ အကြင် ဆရာသည် ငါတို့သိအပ်သော တရားတို့၌ ကောင်းစွာ့လိမ္မာတော်မူ၏၊ ထို ဆရာသည် ငါတို့၏ မျက်မှောက်၌ ဖြစ်တော်မူ၏။

ငါ့သျှင်တို့ ရဟန်းဖြစ်၍ တစ်ဆယ့်ငါးရက်ရှိပြီးသော ငါသည် အကြောင်းငါးပါးတို့၌ အပြားအားဖြင့် ခွဲခြမ်းဝေဖန်၍ သိသော (ဓမ္မပဋိသ မ္ဘိဒါ) ဉာဏ်ကို အကြောင်းအားဖြင့်, အက္ခရာအားဖြင့် မျက်မှောက် ပြုနိုင်ခဲ့ပြီ၊ ထို (ဓမ္မပဋိသ မ္ဘိဒါ) ဉာဏ်ကို ငါသည် အကြောင်းအမျိုးမျိုးဖြင့် ဟောကြား၏၊ ထင်စွာ ဟော ပြော၏၊ သိစေ၏၊ ဖြစ်စေ၏၊ ဖွင့်ပြ၏၊ ဝေဖန်၏၊ ပေါ်လွင်အောင် ပြု၏၊ (ဓမ္မပဋိသ မ္ဘိဒါဉာဏ်၌) ယုံမှား တွေးတောသော ပုဂ္ဂိုလ်သည် ငါ့ကို အမေးပြဿနာဖြင့် (ချဉ်းကပ်လော့)၊ ငါသည် (ထိုသူအား) ဖြေဆို သဖြင့် (စိတ်ကို နှစ်သက်စေအံ့)၊ အကြင် ဆရာသည် ငါတို့သိအပ်သော တရားတို့၌ ကောင်းစွာ လိမ္မာ တော်မူ၏၊ ထို ဆရာသည် ငါတို့၏ မျက်မှောက်၌ ဖြစ်တော်မူ၏။

ငါ့သျှင်တို့ ရဟန်းဖြစ်၍ တစ်ဆယ့်ငါးရက်ရှိပြီးသော ငါသည် မာဂဓဘာသာကို အပြားအားဖြင့် ခွဲခြမ်းဝေဖန်၍ သိသော (နိရုတ္တိပဋိသ မ္ဘိဒါ) ဉာဏ်ကို အကြောင်းအားဖြင့်, အက္ခရာအားဖြင့် မျက်မှောက် ပြုနိုင်ခဲ့ပြီ၊ ထို (နိရုတ္တိပဋိသ မ္ဘိဒါ) ဉာဏ်ကို ငါသည် အကြောင်းအမျိုးမျိုးဖြင့် ဟောကြား၏၊ ထင်စွာ ဟောပြော၏၊ သိစေ၏၊ ဖြစ်စေ၏၊ ဖွင့်ပြ၏၊ ဝေဖန်၏၊ ပေါ်လွင်အောင် ပြု၏၊ (နိရုတ္တိပဋိသ မ္ဘိဒါဉာဏ်၌) ယုံမှားတွေးတောသော ပုဂ္ဂိုလ်သည် ငါ့ကို အမေးပြဿနာဖြင့် (ချဉ်းကပ်လော့)၊ ငါသည် (ထိုသူအား) ဖြေဆိုသဖြင့် (စိတ်ကို နှစ်သက်စေအံ့)၊ အကြင် ဆရာသည် ငါတို့သိအပ်သော တရားတို့၌ ကောင်းစွာ လိမ္မာတော်မူ၏၊ ထို ဆရာသည် ငါတို့၏ မျက်မှောက်၌ ဖြစ်တော်မူ၏။

ငါ့သျှင်တို့ ရဟန်းဖြစ်၍ တစ်ဆယ့်ငါးရက်ရှိပြီးသော ငါသည် ရှေးဉာဏ်သုံးပါးတို့၌ အပြားအားဖြင့် ခွဲခြမ်းဝေဖန်၍ သိသော (ပဋိဘာနပဋိသ မ္ဘိဒါ) ဉာဏ်ကို အကြောင်းအားဖြင့်, အက္ခရာအားဖြင့် မျက်မှောက် ပြုနိုင်ခဲ့ပြီ၊ ထို (ပဋိဘာနပဋိသ မ္ဘိဒါ) ဉာဏ်ကို ငါသည် အကြောင်း အမျိုးမျိုးဖြင့် ဟောကြား၏၊ ထင်စွာ ဟောပြော၏၊ သိစေ၏၊ ဖြစ်စေ၏၊ ဖွင့်ပြ၏၊ ဝေဖန်၏၊ ပေါ်လွင်အောင် ပြု၏၊ (ပဋိဘာနပဋိသမ္ဘိဒါ ဉာဏ်၌) ယုံမှားတွေးတောသော ပုဂ္ဂိုလ်သည် ငါ့ကို အမေးပြဿနာဖြင့် (ချဉ်းကပ်လော့)၊ ငါသည် (ထိုသူအား) ဖြေဆိုသဖြင့် (စိတ်ကို နှစ်သက်စေအံ့)၊ အကြင် ဆရာသည် ငါတို့သိအပ်သော တရားတို့၌ ကောင်းစွာ လိမ္မာတော်မူ၏၊ ထို ဆရာသည် ငါတို့၏ မျက်မှောက်၌ ဖြစ်တော်မူ၏ဟု (မိန့်ဆို၏)။

ဒုတိယသုတ်