အင်္ဂုတ္တရနိကာယ်
(၂၃) ၃-ဒုစ္စရိတဝဂ်
၁ဝ-ဒုပ္ပညသုတ်
၂၃ဝ။ သဒ္ဓါတရားမရှိ၊ သီလမရှိ၊ ပျင်းရိ၏၊ ပညာမရှိ။ပ။ သဒ္ဓါတရားရှိ၏၊ သီလရှိ၏၊ ထက်သန် သော လုံ့လရှိ၏၊ ပညာရှိ၏။ ရဟန်းတို့ ဤတရားလေးမျိုးတို့နှင့် ပြည့်စုံသော ပညာရှိသော လိမ္မာသော သူတော်ကောင်းသည် မတူးဖြိုမဖျက်ဆီးအပ်သော မိမိကိုယ်ကို ရွက်ဆောင်၏၊ အပြစ်လည်း မရှိ၊ ပညာရှိတို့လည်း မကဲ့ရဲ့အပ်၊ များစွာသော ကောင်းမှုကိုလည်း ဖြစ်ပွါးစေ၏ဟု (မိန့်တော်မူ၏)။
ဒသမသုတ်။