အင်္ဂုတ္တရနိကာယ်

(၂၆) ၆-အဘိညာဝဂ်

၃-သင်္ဂဟဝတ္ထုသုတ်

၂၅၆။ ရဟန်းတို့ ချီးမြှောက်ကြောင်း ‘သင်္ဂဟဝတ္ထု’တို့သည် ဤလေးမျိုးတို့တည်း။ အဘယ် လေးမျိုးတို့နည်းဟူမူ— ပေးကမ်းစွန့်ကြဲခြင်း၊ ချစ်ဖွယ်သော စကားကို ဆိုခြင်း၊ အကျိုးစီးပွါးကို ကျင့်ခြင်း၊ ကိုယ်တူထားခြင်းတို့တည်း။ ရဟန်းတို့ ချီးမြှောက်ကြောင်း ‘သင်္ဂဟဝတ္ထု’တို့သည် ဤလေးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။

တတိယသုတ်။