အင်္ဂုတ္တရနိကာယ်

(၁၉) ၄-အရညဝဂ်

၄-သောသာနိကသုတ်

၁၈၄။ ရဟန်းတို့ သုသာန်ဓူတင်ဆောင် ရဟန်းတို့သည် ဤရဟန်းငါးမျိုးတို့တည်း။

အဘယ်ငါးမျိုးတို့နည်းဟူမူ —

ပညာနုံ့သည်၏ အဖြစ် တွေဝေသည်၏ အဖြစ်ကြောင့် သုသာန်ဓူတင်ကို ဆောင်၏။ပ။

ဤအကျင့်ဖြင့် အကျိုးရှိမှုကိုသာလျှင် မှီ၍ သုသာန်ဓူတင်ကို ဆောင်၏။

ရဟန်းတို့ သုသာန်ဓူတင်ဆောင် ရဟန်းတို့သည် ဤငါးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။