အင်္ဂုတ္တရနိကာယ်
(၂၅) ၅-ဒုစ္စရိတဝဂ်
၄-ပဌမ မနောဒုစ္စရိတသုတ်
၂၄၄။ ရဟန်းတို့ မနောဒုစရိုက်ရှိသူ၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။ပ။ မနောသုစရိုက်ရှိသူ၌ အကျိုးတို့သည် ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ—
မိမိကိုယ်တိုင်လည်း မိမိကိုယ်ကို မစွပ်စွဲ။
ပညာရှိတို့ကလည်း (ဉာဏ်ဖြင့်) စိစစ်၍ ချီးမွမ်းကုန်၏။
ကောင်းသော ကျော်စောသံသည် ပျံ့နှံ့၍ ထွက်၏။
မတွေဝေဘဲ သေရ၏။
ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာဖြစ်သော နတ်ပြည်သို့ ရောက်ရ၏။
ရဟန်းတို့ မနောသုစရိုက်ရှိသူ၌ အကျိုးတို့သည် ဤငါးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။
စတုတ္ထသုတ်။