အင်္ဂုတ္တရနိကာယ်

(၂၅) ၅-ဒုစ္စရိတဝဂ်

၅-ဒုတိယ ဒုစ္စရိတသုတ်

၂၄၅။ ရဟန်းတို့ ဒုစရိုက်ရှိသူ၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။

အဘယ်ငါးမျိုးတို့နည်းဟူမူ—

မိမိကိုယ်တိုင်လည်း မိမိကိုယ်ကို စွပ်စွဲ၏။

ပညာရှိတို့ကလည်း (ဉာဏ်ဖြင့်) စိစစ်၍ ကဲ့ရဲ့ကုန်၏။

မကောင်းသော ကျော်စောသံသည် ပျံ့နှံ့၍ ထွက်၏။

သူတော်ကောင်းတရားမှ ကင်း၏။

မသူတော်တရား၌ တည်၏။

ရဟန်းတို့ ဒုစရိုက်ရှိသူ၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။

ရဟန်းတို့ သုစရိုက်ရှိသူ၌ အကျိုးတို့သည် ဤငါးမျိုးတို့တည်း။

အဘယ်ငါးမျိုးတို့နည်းဟူမူ—

မိမိကိုယ်တိုင်လည်း မိမိကိုယ်ကို မစွပ်စွဲ။

ပညာရှိတို့ကလည်း (ဉာဏ်ဖြင့်) စိစစ်၍ ချီးမွမ်းကုန်၏။

ကောင်းသော ကျော်စောသံသည် ပျံ့နှံ့၍ ထွက်၏။

မသူတော်တရားမှ ကင်း၏။

သူတော်ကောင်းတရား၌ တည်၏။

ရဟန်းတို့ သုစရိုက်ရှိသူ၌ အကျိုးတို့သည် ဤငါးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။