အင်္ဂုတ္တရနိကာယ်
(၂၅) ၅-ဒုစ္စရိတဝဂ်
၈-ဒုတိယ မနောဒုစ္စရိတသုတ်
၂၄၈။ ရဟန်းတို့ မနောဒုစရိုက်ရှိသူ၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။ပ။
မနောသုစရိုက်ရှိသူ၌ အကျိုးတို့သည် ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ—
မိမိကိုယ်တိုင်လည်း မိမိကိုယ်ကို မစွပ်စွဲ။
ပညာရှိတို့ကလည်း (ဉာဏ်ဖြင့်) စိစစ်၍ ချီးမွမ်းကုန်၏။
ကောင်းသော ကျော်စောသံသည် ပျံ့နှံ့၍ ထွက်၏။
မသူတော်တရားမှ ကင်း၏။
သူတော်ကောင်းတရား၌ တည်၏။
ရဟန်းတို့ မနောသုစရိုက်ရှိသူ၌ အကျိုးတို့သည် ဤငါးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။
အဋ္ဌမသုတ်။