အင်္ဂုတ္တရနိကာယ်

(၂၆) ၆-ဥပသမ္ပဒါဝဂ်

၄-ပဉ္စ မစ္ဆရိယသုတ်

၂၅၄။ ရဟန်းတို့ ဝန်တိုခြင်း ‘မစ္ဆရိယ’ တို့သည် ဤငါးမျိုးတို့တည်း။

အဘယ်ငါးမျိုးတို့နည်းဟူမူ —

ကျောင်း၌ ဝန်တိုခြင်း။

အမျိုး ‘ဒါယကာ’၌ ဝန်တိုခြင်း။

လာဘ်၌ ဝန်တိုခြင်း။

ဂုဏ်အဆင်း၌ ဝန်တိုခြင်း။

တရား၌ ဝန်တိုခြင်းတို့တည်း။

ရဟန်းတို့ ဝန်တိုခြင်းတို့သည် ဤငါးမျိုးတို့တည်း။

ရဟန်းတို့ ဤဝန်တိုခြင်း ငါးမျိုးတို့တွင် (ပရိယတ္တိ) တရား၌ ဝန်တိုခြင်းသည် စက်ဆုပ်ဖွယ် ဖြစ်၏ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။