အင်္ဂုတ္တရနိကာယ်
(၂၆) ၆-ဥပသမ္ပဒါဝဂ်
၅-မစ္ဆရိယပ္ပဟာနသုတ်
၂၅၅။ ရဟန်းတို့ ဝန်တိုခြင်း ငါးမျိုတို့ကို ပယ်ရန် အကြွင်းမဲ့ဖြတ်ရန် မြတ်သောအကျင့်ကို ကျင့်သုံးရ၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ —
ကျောင်း၌ ဝန်တိုခြင်းကို ပယ်ရန် အကြွင်းမဲ့ဖြတ်ရန် မြတ်သောအကျင့်ကို ကျင့်သုံးရ၏။
အမျိုး ‘ဒါယကာ’ တို့၌ ဝန်တိုခြင်းကို။ပ။
လာဘ်၌ ဝန်တိုခြင်းကို။ပ။
ဂုဏ်အဆင်း၌ ဝန်တိုခြင်းကို။ပ။
တရား၌ ဝန်တိုခြင်းကို ပယ်ရန် အကြွင်းမဲ့ ဖြတ်ရန် မြတ်သော အကျင့်ကို ကျင့်သုံးရ၏။
ရဟန်းတို့ ဤဝန်တိုခြင်း ငါးမျိုးတို့ကို ပယ်ရန် အကြွင်းမဲ့ဖြတ်ရန် မြတ်သော အကျင့်ကို ကျင့်သုံး ရ၏ဟု (မိန့်တော်မူ၏)။
ပဉ္စမသုတ်။