အင်္ဂုတ္တရနိကာယ်

၉-သီတိဝဂ်

၆-ပဟီနသုတ်

၉ဝ။ ရဟန်းတို့ သောတာပတ္တိမဂ်နှင့်ပြည့်စုံသော ပုဂ္ဂိုလ်သည် ဤတရားခြောက်မျိုးတို့ကို ပယ်အပ်ကုန်၏။

အဘယ်ခြောက်မျိုးတို့နည်းဟူမူ—

သက္ကာယဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ သီလဗ္ဗတပရာမာသ၊ အပါယ်သို့ရောက်ကြောင်း ရာဂ၊ အပါယ်သို့ရောက်ကြောင်း ဒေါသ၊ အပါယ်သို့ရောက်ကြောင်း မောဟတို့တည်း။

ရဟန်းတို့ သောတာပတ္တိမဂ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် ဤတရားခြောက်မျိုးတို့ကို ပယ်အပ်ကုန်၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။