အင်္ဂုတ္တရနိကာယ်

၉-သီတိဝဂ်

၇-အဘဗ္ဗသုတ်

၉၁။ ရဟန်းတို့ သောတာပတ္တိမဂ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် ဤတရားခြောက်မျိုးတို့ကို ဖြစ်စေရန်မထိုက်တန်။

အဘယ်ခြောက်မျိုးတို့နည်းဟူမူ—

သက္ကာယဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ သီလဗ္ဗတပရာမာသ၊ အပါယ်သို့ရောက်ကြောင်း ရာဂ၊ အပါယ်သို့ရောက်ကြောင်း ဒေါသ၊ အပါယ်သို့ရောက်ကြောင်း မောဟတို့တည်း။

ရဟန်းတို့ သောတာပတ္တိမဂ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် ဤတရားခြောက်မျိုးတို့ကို ဖြစ်စေရန်မထိုက်တန်ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။