အင်္ဂုတ္တရနိကာယ်

၃-ဂဟပတိဝဂ်

၇-ပဌမ ဗလသုတ်

၂၇။ ရဟန်းတို့ အားတို့သည် ဤှရှစ်မျိုးတို့တည်း။

အဘယ်ရှစ်မျိုးတို့နည်းဟူမူ —

ရဟန်းတို့ သူငယ်တို့သည် ငိုကြွေးခြင်းဟူသော အားရှိကုန်၏၊

မာတုဂါမတို့သည် အမျက်ထွက်ခြင်းဟူသော အားရှိကုန်၏၊

ခိုးသူတို့သည် လက်နက်ဟူသော အားရှိကုန်၏၊

မင်းတို့သည် အစိုးရခြင်းဟူသော အားရှိကုန်၏၊

သူမိုက်တို့သည် ကဲ့ရဲ့ခြင်းဟူသော အားရှိကုန်၏၊

ပညာရှိတို့သည် အကျိုးရှိ မရှိကို ရှုခြင်းဟူသော အားရှိကုန်၏၊

အကြားအမြင်များသူတို့သည် ဆင်ခြင်ခြင်းဟူသော အားရှိကုန်၏၊

သမဏ ဗြာဟ္မဏတို့သည် သည်းခံခြင်းဟူသော အားရှိကုန်၏။ ရဟန်းတို့ ဤသည်တို့ကား အားရှစ်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။