သံယုတ္တနိကာယ်—၁

၇—အဒ္ဓဝဂ်

၅—ဗန္ဓနသုတ်

၆၅။ အဘယ်အရာသည် လောကကို ဆက်စပ်အပ်ပါသနည်း၊ ထိုလောက၏ ခြေတို့သည် အဘယ်သည်တို့နည်း၊ အဘယ်အရာကို ပယ်ခြင်းကြောင့် အလုံးစုံသော အဆက်အစပ် ပြတ်ပါသနည်းဟု (လျှောက်၏)။

တပ်နှစ်သက်မှု ‘နန္ဒီ’သည် လောကကို ဆက်စပ်အပ်၏၊ ထိုလောက၏ ခြေတို့ သည် ကြံစည်မှု ‘ဝိတက်’တည်း၊ တပ်မက်မှု ‘တဏှာ’ကို ပယ်ခြင်းကြောင့် အလုံးစုံ သော အဆက်အစပ် ပြတ်၏ဟု (မိန့်တော်မူ၏)။