သံယုတ္တနိကာယ်—၁

၇—အဒ္ဓဝဂ်

၆—အတ္တဟတသုတ်

၆၆။ အဘယ်အရာသည် လောကကို လွှမ်းမိုးနှိပ်စက်အပ်ပါသနည်း၊ အဘယ် အရာသည် (လောကကို) ခြံရံအပ်ပါသနည်း၊ အဘယ်မည်သော မြားသည် စူးဝင်ပါသနည်း၊ အဘယ်အရာသည် အခါခပ်သိမ်း တောက်လောင်ပါသနည်းဟု (လျှောက်၏)။

သေခြင်းသည် လောကကို လွှမ်းမိုးနှိပ်စက်အပ်၏၊ အိုခြင်းတရားသည် (လောက ကို)။ခံရံအပ်၏၊ တပ်မက်မှု ‘တဏှာ’ မြားသည် စူးဝင်၏၊ အလိုရမ္မက်သည် အခါ ခပ်သိမ်း တောက်လောင်၏ဟု (မိန့်တော်မူ၏)။