သံယုတ္တနိကာယ်—၁၄
၃—ကမ္မပထဝဂ်
၄—သတ္တကမ္မပထသုတ်
၁၁ဝ။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏။ ရဟန်းတို့ သတ္တဝါတို့သည် ဓာတ်အားဖြင့်သာ လျှင် တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏။ သူ့အသက်ကို သတ်လေ့ရှိကုန်သော သူတို့သည် သူ့ အသက်ကို သတ်လေ့ရှိကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ မပေးသည်ကို ခိုးယူလေ့ရှိကုန်သော သူတို့သည် မပေးသည်ကို ခိုးယူလေ့ရှိကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ ကာမတို့၌ မှားသောအားဖြင့် ကျင့်လေ့ရှိသော သူတို့သည် ကာမတို့၌ မှား သောအားဖြင့် ကျင့်လေ့ရှိသော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ မဟုတ်မမှန် ပြောလေ့ရှိသူတို့သည် မဟုတ်မမှန် ပြောလေ့ရှိသူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ ကုန်းစကားကို ပြောဆိုတတ်သော သူတို့သည် ကုန်းစကားကို ပြောဆိုတတ်သော သူတို့နှင့်အတူ တပေါင်း တည်း တသားတည်း ဖြစ်ကုန်၏၊ ကြမ်းတမ်းသော စကားကို ပြောဆိုတတ်သော သူတို့သည် ကြမ်းတမ်း သော စကားကို ပြောဆိုတတ်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ ပြိန်ဖျင်း သော စကားကို ပြောဆိုလေ့ရှိသော သူတို့သည် ပြိန်ဖျင်းသော စကားကို ပြောဆိုလေ့ရှိသော သူတို့နှင့် အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏။
သူ့အသက်ကို သတ်ခြင်းမှ ကြဉ်ရှောင်သော သူတို့သည်။ပ။ မပေးသည်ကို ခိုးယူခြင်းမှ ကြဉ်ရှောင့်သော သူတို့သည်၊ ကာမတို့၌ မှားသောအားဖြင့် ကျင့်ခြင်းမှ ကြဉ်ရှောင်သော သူတို့သည်၊ မမှန်ပြောဆိုခြင်းမှ ကြဉ်ရှောင်သော သူတို့သည်၊ ကုန်းစကားကို ပြောဆိုခြင်းမှ ကြဉ်ရှောင်သော သူတို့သည် ကုန်း စကားကို ပြောဆိုခြင်းမှ ကြဉ်ရှောင်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ ကြမ်းတမ်းသော စကားကို ပြောဆိုခြင်းမှ ကြဉ်ရှောင်သော သူတို့သည် ကြမ်းတမ်းသော စကားကို ပြော ဆိုခြင်းမှ ကြဉ်ရှောင်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ ပြိန်ဖျင်းသော စကားကို ပြောဆိိုုခြင်းမှ ကြဉ်ရှောင်သော သူတို့သည် ပြိန်ဖျင်းသော စကားကို ပြောဆိိုုခြင်းမှ ကြဉ်ရှောင် သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။
စတုတ္ထသုတ်။