သံယုတ္တနိကာယ်—၁၄
၃—ကမ္မပထဝဂ်
၇—ဒသင်္ဂသုတ်
၁၁၃။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏။ ရဟန်းတို့ သတ္တဝါတို့သည် ဓါတ်အားဖြင့်သာ လျှင် တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏။ မှားယွင်းသော အယူရှိသော သူတို့သည် မှားယွင်းသော အယူရှိသော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ မှားယွင်းသော အကြံရှိသော သူတို့သည်။ပ။ မှားယွင်းသော စကားရှိသော သူတို့သည်။ မှားယွင်းသော အလုပ်ရှိသော သူတို့သည်။ မှားယွင်းသော အသက်မွေးမှုရှိသော သူတို့သည်။ မှားယွင်းသော အားထုတ်မှုရှိသော သူတို့သည်။ မှား ယွင်းသော အောက်မေ့မှုရှိသော သူတို့သည်။ မှားယွင်းသော တည်ကြည်မှုရှိသော သူတို့သည် မှားယွင်း သော တည်ကြည်မှုရှိသော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ မှားယွင်းသော ဉာဏ်ရှိသော သူတို့သည် မှားယွင်းသော ဉာဏ်ရှိသော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ ဝဋ်ဆင်းရဲမှ လွတ်မြောက်ကြောင်း မဟုတ်သော မိစ္ဆာဝိမုတ္တိရှိသော သူတို့သည် ဝဋ်ဆင်းရဲမှ လွတ်မြောက်ကြောင်း မဟုတ်သော မိစ္ဆာဝိမုတ္တိရှိသော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ် ကုန်၏။
မှန်ကန်သော အယူရှိသော သူတို့သည် မှန်ကန်သော အယူရှိသော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ မှန်ကန်သော အကြံရှိသော သူတို့သည်။ပ။ မှန်ကန်သော စကားရှိသော သူတို့သည်။ မှန်ကန်သော အလုပ်ရှိသော သူတို့သည်။ မှန်ကန်သော အသက်မွေးမှုရှိသော သူတို့သည်။ မှန်ကန်သော အားထုတ်မှုရှိသော သူတို့သည်။ မှန်ကန်သော အောက်မေ့မှုရှိသော သူတို့သည်။ မှန်ကန် သော တည်ကြည်မှုရှိသော သူတို့သည်။ မှန်ကန်သော ဉာဏ်ရှိသော သူတို့သည် မှန်ကန်သော ဉာဏ်ရှိ သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏။ ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်း ဖြစ် သော သမ္မာဝိမုတ္တိရှိသော သူတို့သည် ဝဋ်ဆင်းရဲမှ ထွက် မြောက်ကြောင်း ဖြစ်သော သမ္မာဝိမုတ္တိရှိသော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏ဟု (ဟောတော်မူ၏)။
သတ္တမသုတ်။
[အလုံးစုံသော သုတ်တို့၌ အတိတ် အနာဂတ် ပစ္စုပ္ပန်ကို ပြုအပ်၏။]
သုံးခုမြောက် ကမ္မပထဝဂ် ပြီး၏။