သံယုတ္တနိကာယ်—၁၇
၄—စတုတ္ထဝဂ်
၃—ကုသလဓမ္မသုတ်
၁၈၂။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ လာဘ်ပူဇော်သကာ အကျော်အစောသည် ခက်ထန်၏၊ ရဟန်းတို့ လာဘ်ပူဇော်သကာ အကျော်အစော နှိပ်စက်အပ် သိမ်းကျုံးယူငင်အပ်သော စိတ်ရှိသော ဒေဝဒတ်အား ကုသိုလ်တရားသည် ပြတ်ခြင်းသို့ ရောက်ခဲ့ပြီ၊ ရဟန်းတို့ ဤသို့လျှင် လာဘ်ပူဇော်သကာ အကျော်အစော သည် ဤသို့ ခက်ထန်၏။ပ။ ကျင့်ရမည်ဟု (ဟောတော်မူ၏)။
တတိယသုတ်။