သံယုတ္တနိကာယ်—၁၇

၄—စတုတ္ထဝဂ်

၄—သုက္ကဓမ္မသုတ်

၁၈၃။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ လာဘ်ပူဇော်သကာ အကျော်အစောသည် ခက်ထန်၏၊ ရဟန်းတို့ လာဘ်ပူဇော်သကာ အကျော်အစော နှိပ်စက်အပ် သိမ်းကျုံးယူငင်အပ်သော စိတ်ရှိသော ဒေဝဒတ်အား ဖြူစင်သော တရားသည် ပြတ်ခြင်းသို့ ရောက်ခဲ့ပြီ၊ ရဟန်းတို့ ဤသို့လျှင် လာဘ်ပူဇော်သကာ အကျော် အစောသည် ခက်ထန်၏။ပ။ ကျင့်ရမည်ဟု (ဟောတော်မူ၏)။

စတုတ္ထသုတ်။