သံယုတ္တနိကာယ်—၁၉

၂—ဒုတိယဝဂ်

၆—အသီသကသုတ်

၂၁၇။ ငါ့သျှင် ငါသည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် ကောင်းကင်၌ သွားသော ဦးခေါင်း မပါ ကိုယ်သာရှိသော ပြိတ္တာကို မြင်ရ၏၊ ထိုပြိတ္တာ၏ ရင်၌ မျက်လုံးနှင့် ပါးစပ်တို့သည် ဖြစ်ပေါ်ကုန်၏၊ ထိုပြိတ္တာကို လင်းတ , ကျီးငှက် , စွန်ရဲတို့သည် လိုက်၍ လိုက်၍ ထိုးဆိတ်ကုန်၏၊ ထိုပြိတ္တာသည် နာကျင် သော အသံကို ပြု၏။ပ။ ရဟန်းတို့ ထိုသတ္တဝါသည် ဤရာဇဂြိုဟ်ပြည်၌ပင် ဟာရိကခေါ် ခိုးသူသတ် ယောကျာ်း ဖြစ်ခဲ့ဖူးပြီ။ပ။

ဆဋ္ဌသုတ်။