သံယုတ္တနိကာယ်—၁၉
၂—ဒုတိယဝဂ်
၇—ပါပဘိက္ခုသုတ်
၂၁၈။ ငါ့သျှင် ငါသည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် ကောင်းကင်၌ သွားသော ရဟန်း ပြိတ္တာကို မြင်ရ၏၊ ထိုရဟန်းပြိတ္တာ၏ ဒုကုဋ်, သပိတ်, ခါးပန်းကြိုး, ကိုယ်တို့သည် ပြောင်ပြောင် တောက် လောင်ကုန်၏၊ ထက်ဝန်းကျင် အလျှံနှင့်တကွ အရောင်အလင်းနှင့်တကွ အလျှံထ၏၊ ထိုရဟန်းပြိတ္တာသည် နာကျင်သော အသံကို ပြု၏။ပ။ ရဟန်းတို့ ဤရဟန်းသည် ကဿပမြတ်စွာဘုရား၏ သာသနာတော်၌ ရဟန်းယုတ် ဖြစ်ခဲ့ဖူးပြီ။ပ။
သတ္တမသုတ်။