သံယုတ္တနိကာယ်—၁၉
၁—ပဌမဝဂ်
၆—သတ္တိသုတ်
၂ဝ၇။ ငါ့သျှင် ငါသည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် ကောင်းကင်၌ သွားသော လှံအမွေး ပေါက်သော ယောကျာ်းပြိတ္တာကို မြင်ရ၏၊ ထိုပြိတ္တာ၏ ထိုလှံအမွေးတို့သည် ပျံတက်၍ ပျံတက်၍ ထိုပြိတ္တာ၏ ကိုယ်၌ပင် ကျရောက်ကုန်၏၊ ထိုပြိတ္တာသည် နာကျင်သော အသံကို ပြု၏။ပ။ ရဟန်းတို့ ထိုသတ္တဝါသည် ဤရာဇဂြိုဟ်ပြည်၌ပင် သားသတ်သမား ဖြစ်ခဲ့ဖူးပြီ။ပ။
ဆဋ္ဌသုတ်။