သံယုတ္တနိကာယ်—၁၉
၁—ပဌမဝဂ်
၇—ဥသုလောမသုတ်
၂ဝ၈။ ငါ့သျှင် ငါသည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် ကောင်းကင်၌ သွားသော မြားအမွေး ပေါက်သော ယောကျာ်းပြိတ္တာကို မြင်ရ၏၊ ထိုပြိတ္တာ၏ မြားအမွေးတို့သည် ပျံတက်၍ ပျံတက်၍ ထိုပြိတ္တာ၏ ကိုယ်၌ပင် ကျရောက်ကုန်၏၊ ထိုပြိတ္တာသည် နာကျင်သော အသံကို ပြု၏။ပ။ ရဟန်းတို့ ထိုသတ္တဝါ သည် ဤရာဇဂြိုဟ်ပြည်၌ပင် လက်မရွံ့အာဏာသား ဖြစ်ခဲ့ဖူးပြီ။ပ။
သတ္တမသုတ်။