သံယုတ္တနိကာယ်—၂၂

၁—နကုလပိတုဝဂ်

၆—ပဋိသလ္လာဏသုတ်

၆။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ တစ်ပါးတည်း ကိန်းအောင်းမှု၌ အားထုတ်ခြင်းသို့ ရောက်ကုန်လော့၊ ရဟန်းတို့ တစ်ပါးတည်း ကိန်းအောင်းသော ရဟန်းသည်ဟုတ်မှန်သည့်အတိုင်း သိ၏၊ အဘယ်ကိုဟုတ်မှန်သည့်အတိုင်း သိသနည်း။ ရုပ်၏ ဖြစ်ပုံ ချုပ်ပုံကိုလည်းကောင်း၊ ခံစားမှု ‘ဝေဒနာ’၏ ဖြစ်ပုံ ချုပ်ပုံကိုလည်းကောင်း၊ မှတ်သားမှု’သညာ’၏ ဖြစ်ပုံ ချုပ်ပုံကိုလည်းကောင်း၊ ပြုပြင်မှု’သင်္ခါရ’တို့၏ ဖြစ်ပုံ ချုပ်ပုံကိုလည်းကောင်း၊ ဝိညာဏ်၏ ဖြစ်ပုံ ချုပ်ပုံကိုလည်းကောင်း (သိ၏)။ (ပဌမသုတ်အတူ ချဲ့အပ်၏)။

ဆဋ္ဌသုတ်။