သံယုတ္တနိကာယ်—၃၁
၄—၁၂—သာရဂန္ဓာဒိဒါတာသုတ်ကိုးသုတ်
၄၄၁—၄၄၉။ သာဝတ္ထိနိဒါန်း။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော ထိုရဟန်းသည် မြတ်စွာဘုရား အား”အသျှင်ဘုရား ဤလောက၌ အချို့သော သူ၏ ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ အနှစ်နံ့သာ၌ အစိုးရသော နတ်တို့၏။ပ။ အကာနံ့သာ၌ အစိုးရသော နတ်တို့၏။ပ။ အခေါက်နံ့သာ၌ အစိုးရသော နတ်တို့၏။ပ။ အပွေးနံ့သာ၌ အစိုးရသော နတ်တို့၏။ပ။ အရွက်နံ့သာ၌ အစိုးရသော နတ်တို့၏။ပ။ အပွင့်နံ့သာ၌ အစိုးရသော နတ်တို့၏။ပ။ အသီးနံ့သာ၌ အစိုးရသော နတ်တို့၏။ပ။ အရည်နံ့သာ၌ အစိုးရသော နတ်တို့၏။ပ။ အနံ့နံ့သာ၌ အစိုးရသော နတ်တို့၏ အသင်းဝင်အဖြစ်သို့ ရောက်ရခြင်း၏ အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်း”ဟု လျှောက်၏။
ရဟန်း ဤလောက၌ အချို့သော သူသည်ကိုယ်ဖြင့် ကောင်းသော အကျင့်ကို ကျင့်၏၊ နှုတ်ဖြင့်ကောင်းသော အကျင့်ကို ကျင့်၏၊ စိတ်ဖြင့် ကောင်းသော အကျင့်ကို ကျင့်၏၊ ၊ ထိုသူသည် “အနှစ်နံ့သာ၌ ့အစိုးရသော နတ်တို့သည် အသက်ရှည်ကြ၏၊ အဆင်းလှကြ၏၊ ချမ်းသာများကြ၏ “ဟု ကြားအပ်ဖူး၏၊ ထိုသူအား “ငါသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ အနှစ်နံ့သာ၌ အစိုးရသော နတ်တို့၏။ပ။ အကာနံ့သာ၌ အစိုးရသော နတ်တို့၏။ပ။ အခေါက်နံ့သာ၌ အစိုးရသော နတ်တို့၏။ပ။ အပွေးနံ့သာ ၌ အစိုးရသော နတ်တို့၏။ပ။ အရွက်နံ့သာ၌ အစိုးရသော နတ်တို့၏။ပ။ အပွင့်နံ့သာ၌ အစိုးရသော နတ်တို့၏။ပ။ အသီးနံ့သာ၌ အစိုးရသော နတ်တို့၏။ပ။ အရည်နံ့သာ၌ အစိုးရသောနတ်တို့၏။ပ။ အနံ့နံ့သာ၌ အစိုးရသော နတ်တို့၏ အသင်းဝင်အဖြစ်သို့ ရောက်ရမူ ကောင်းလေစွ”ဟု ဤသို့ အကြံ ဖြစ်၏၊ ထိုသူသည် အနှစ်နံ့သာတို့ကို ပေးလှူ၏။ ထိုသူသည် အကာနံ့သာတို့ကိုပေးလှူ၏။ ထိုသူသည် အခေါက်နံ့သာတို့ကို ပေးလှူ၏။ ထိုသူသည် အပွေးနံ့သာတို့ကို ပေးလှူ၏။
ထိုသူသည် အရွက်နံ့သာ တို့ကို ပေးလှူ၏။ ထိုသူသည် အပွင့်နံ့သာတို့ကို ပေးလှူ၏။ ထိုသူသည်အသီးနံ့သာတို့ကို ပေးလှူ၏။ ထိုသူသည် အရည်နံ့သာတို့ကို ပေးလှူ၏။ ထိုသူသည် အနံ့နံ့သာတို့ကိုပေးလှူ၏။ ထိုသူသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ အနံ့နံ့သာ၌ အစိုးရသော နတ်တို့၏ အသင်းဝင်အဖြစ်သို့ ရောက် ရ၏။
ရဟန်း ဤလောက၌ အချို့သော သူ၏ ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ အနံ့နံ့သာ၌ အစိုးရသော နတ်တို့၏ အသင်းဝင်အဖြစ်သို့ ရောက်ရခြင်း၏ အကြောင်းကား ဤသည်ပင်တည်း၊ အထောက်အပံ့ကား ဤသည်ပင်တည်းဟု (မိန့်တော်မူ၏)။
ဒွါဒသမသုတ်။