သံယုတ္တနိကာယ်—၃၂
၅၄—ဥဏှဝလာဟကသုတ်
၆ဝ၃။ သာဝတ္ထိနိဒါန်း။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော ထိုရဟန်းသည် မြတ်စွာဘုရားအား”အသျှင်ဘုရား တစ်ရံတစ်ခါ ပူခြင်း၏ အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်း “ဟု ဤစကားကို လျှောက်၏။
ရဟန်း အပူကို ပြုတတ်သော ဝလာဟကနတ်တို့ဟူ၍ ရှိကုန်၏၊ အကြင်အခါ၌ ထိုနတ်တို့အား”ငါတို့သည်ကိုယ်ပိုင်မွေ့လျော်မှုဖြင့် နေကြရမူ ကောင်းလေစွ”ဟု ဤသို့ အကြံ ဖြစ်ပေါ်လာ၏။ ထိုအခါထိုနတ်တို့၏ စိတ်တောင့်တမှုကို အကြောင်းပြု၍ အပူဖြစ်၏။
ရဟန်း တစ်ရံတစ်ခါ ပူခြင်း၏ အကြောင်းကား ဤသည်ပင်တည်း၊ အထောက်အပံ့ကား ဤသည်ပင်တည်းဟု (မိန့်တော်မူ၏)။
စတုပညာသမသုတ်။