သံယုတ္တနိကာယ်—၃၃

၅၁—၅၄—ရူပအပ္ပစ္စက္ခကမ္မစသောလေးသုတ်

၆၅၇—၆၆ဝ။ သာဝတ္ထိနိဒါန်း။ ဝစ္ဆဂေါတ္တပရိဗိုဇ်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားနှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေလျက်မြတ်စွာ ဘုရားအား ဤစကားကို လျှောက်၏— “အသျှင်ဂေါတမ ‘လောကသည်မြဲ၏ ‘ဟူ၍လည်းကောင်း။ပ။ ‘သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ်မဖြစ်သည်လည်း မဟုတ်’ဟူ၍လည်းကောင်း လောက၌ ဤသို့အားဖြင့် ဤအမျိုးမျိုးကုန်သော အယူတို့ဖြစ်ပေါ်ရခြင်း၏ အကြောင်းကား အဘယ်ပါ နည်း၊ အထောက်အပံ့ကား အဘယ်ပါနည်း “ဟု (လျှောက်၏)။

ဝစ္ဆ ရုပ်၌ မျက်မှောက်ပြုမှု မရှိခြင်းကြောင့်, ရုပ်ဖြစ်ကြောင်း၌ မျက်မှောက်ပြုမှု မရှိခြင်းကြောင့်,ရုပ်ချုပ်ရာ၌ မျက်မှောက်ပြုမှု မရှိခြင်းကြောင့့််, ရုပ်ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်၌ မျက်မှောက် ပြုမှု မရှိခြင်းကြောင့်။ပ။

သာဝတ္ထိနိဒါန်း။ ဝစ္ဆ ခံစားမှု ‘ဝေဒနာ’ ၌ မျက်မှောက်ပြုမှု မရှိခြင်းကြောင့်။ပ။ ခံစားမှု ‘ဝေဒနာ’ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်၌ မျက်မှောက်ပြုမှု မရှိခြင်းကြောင့်။ပ။

သာဝတ္ထိနိဒါန်း။ ဝစ္ဆ မှတ်သားမှု ‘သညာ’ ၌ မျက်မှောက်ပြုမှု မရှိခြင်းကြောင့်။ပ။ မှတ်သားမှု ‘သညာ’ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်၌ မျက်မှောက်ပြုမှု မရှိခြင်းကြောင့်။ပ။

သာဝတ္ထိနိဒါန်း။ ဝစ္ဆ ပြုပြင်မှု ‘သင်္ခါရ’ တို့၌ မျက်မှောက်ပြုမှု မရှိခြင်းကြောင့်။ပ။ ပြုပြင်မှု’သင်္ခါရ’တို့ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်၌ မျက်မှောက်ပြုမှု မရှိခြင်းကြောင့်။ပ။

စတုပညာသမသုတ်။