သံယုတ္တနိကာယ်—၃၅

(၁၃) ၃—ဂဟပတိဝဂ်

၅—သောဏသုတ်

၁၂၈။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့အား အစာကျွေးရာဖြစ်သောဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ သူကြွယ်သား သောဏသည်မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော်မြတ်စွာဘုရားအား ဤစကားကို လျှောက်ထား၏— “အသျှင်ဘုရား ဤလောက၌ အချို့သောသတ္တဝါတို့မျက်မှောက်ဘဝ၌ ကိလေသာမှ မငြိမ်းအေးနိုင်သော အကြောင်းအထောက်အပံ့ကား အဘယ်ပါနည်း၊ အသျှင်ဘုရား ဤ လောက၌ အချို့သော သတ္တဝါတို့ မျက်မှောက်ဘဝ၌ ကိလေသာမှ ငြိမ်းအေးနိုင်သောအကြောင်းအထောက် အပံ့ကား အဘယ်ပါနည်း”ဟု လျှောက်၏။ [ရှေးသုတ်ကဲ့သို့ ချဲ့အပ်၏]။

သောဏ ဤလောက၌ အချို့သော သတ္တဝါတို့ မျက်မှောက်ဘဝ၌ ကိလေသာမှ ငြိမ်းအေးနိုင်သော အကြောင်းအထောက်အပံ့ကား ဤသည်ပင်တည်းဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။