သံယုတ္တနိကာယ်—၃၅
၂—ယမကဝဂ်
၉—ပဌမ ဒုက္ခုပ္ပါဒသုတ်
၂၁။ ရဟန်းတို့ မျက်စိ၏ ဖြစ်ပေါ်မှု တည်မှု အသစ်ဖြစ်မှု ထင်ရှားဖြစ်မှုသည် ဆင်းရဲ၏ ဖြစ်မှုပင်တည်း၊ ရောဂါတို့၏ တည်တံ့မှုပင်တည်း၊ အိုခြင်း သေခြင်း၏ ထင်ရှားဖြစ်မှုပင်တည်း။ နား၏။ပ။ နှာခေါင်း၏။ လျှာ၏။ကိုယ်၏။ စိတ်၏ ဖြစ်ပေါ်မှု တည်မှု အသစ်ဖြစ်မှု ထင်ရှားဖြစ်မှုသည် ဆင်းရဲ၏ဖြစ်မှုပင်တည်း၊ ရောဂါတို့၏ တည်တံ့မှုပင်တည်း၊ အိုခြင်း သေခြင်း၏ ထင်ရှားဖြစ်မှုပင်တည်း။
ရဟန်းတို့ မျက်စိ၏ ချုပ်မှု ငြိမ်းမှု ကွယ်ပျောက်မှုသည် ဆင်းရဲ၏ ချုပ်မှုပင်တည်း၊ ရောဂါတို့၏ငြိမ်းမှုပင်တည်း၊ အိုခြင်း သေခြင်း၏ ကွယ်ပျောက်မှုပင်တည်း။ နား၏။ပ။ နှာခေါင်း၏။ လျှာ၏။
ကိုယ်၏။ စိတ်၏ ချုပ်မှု ငြိမ်းမှု ကွယ်ပျောက်မှုသည် ဆင်းရဲ၏ ချုပ်မှုပင်တည်း၊ ရောဂါတို့၏ငြိမ်းမှုပင်တည်း၊ အိုခြင်း သေခြင်း၏ ကွယ်ပျောက်မှုပင်တည်းဟု (မိန့်တော်မူ၏)။
နဝမသုတ်။