သံယုတ္တနိကာယ်—၃၅

၁—အနိစ္စဝဂ်

၅—ဗာဟိရဒုက္ခသုတ်

၅။ ရဟန်းတို့ အဆင်းတို့သည် ဆင်းရဲကုန်၏၊ ဆင်းရဲသော အဆင်းသည်ကိုယ် ‘အတ္တ’ မဟုတ်၊ကိုယ် ‘အတ္တ’ မဟုတ်သော အဆင်းကို “ ဤအဆင်းသည် ငါ့ဥစ္စာ မဟုတ်၊ ဤအဆင်းသည် ငါ မဟုတ်၊ ဤအဆင်းသည် ငါ၏ကိုယ် ‘အတ္တ’ မဟုတ်”ဟု ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန်သော (မဂ်) ပညာဖြင့်ရှုရမည်။ အသံတို့သည်။ အနံ့တို့သည်။ အရသာတို့သည်။ အတွေ့အထိတို့သည်။ သဘောတရားတို့သည်ဆင်းရဲကုန်၏၊ ဆင်းရဲသော သဘောတရားသည်ကိုယ် ‘အတ္တ’ မဟုတ်၊ကိုယ် ‘အတ္တ’မဟုတ်သော သဘော တရားကို “ ဤသဘောတရားသည် ငါ့ဥစ္စာ မဟုတ်၊ ဤသဘောတရားသည် ငါမဟုတ်၊ ဤသဘောတရားသည် ငါ၏ကိုယ် ‘အတ္တ’ မဟုတ်”ဟု ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန်သောပညာဖြင့် ရှုရမည်။

ဤသို့ ရှုသော။ပ။ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ “ဟု သိ၏ဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။