သံယုတ္တနိကာယ်—၃၅
၁—အနိစ္စဝဂ်
၆—ဗာဟိရာနတ္တသုတ်
၆။ ရဟန်းတို့ အဆင်းတို့သည်ကိုယ် ‘အတ္တ’ မဟုတ်ကုန်၊ကိုယ် ‘အတ္တ’ မဟုတ်သော အဆင်းကို” ဤအဆင်းသည် ငါ့ဥစ္စာ မဟုတ်၊ ဤအဆင်းသည် ငါ မဟုတ်၊ ဤအဆင်းသည် ငါ၏ကိုယ် ‘အတ္တ’မဟုတ်”ဟု ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။ပ။ အသံတို့သည်။ အနံ့တို့သည်။ အရသာတို့သည်။ အတွေ့အထိတို့သည်။ သဘောတရားတို့သည်ကိုယ် ‘အတ္တ’ မဟုတ်၊ကိုယ် ‘အတ္တ’မဟုတ်သော သဘောတရားကို “ ဤသဘောတရားသည် ငါ့ဥစ္စာ မဟုတ်၊ ဤသဘောတရားသည် ငါမဟုတ်၊ ဤသဘောတရားသည် ငါ၏ကိုယ် ‘အတ္တ’ မဟုတ်”ဟု ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန်သောပညာဖြင့် ရှုရမည်။
ဤသို့ ရှုသော။ပ။ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ”ဟု သိ၏ဟု (မိန့်တော်မူ၏)။
ဆဋ္ဌသုတ်။