သံယုတ္တနိကာယ်—၃၇

၁—ပဌမ ပေယျာလဝဂ်

၁၁—အပ္ပဿုတသုတ်

၂၉ဝ။ အနုရုဒ္ဓါ တရားငါးမျိုးတို့နှင့် ပြည့်စုံသော မာတုဂါမသည်။ပ။ ငရဲသို့ ရောက်ရ၏။ အဘယ်ငါးမျိုးတို့နည်း၊ ယုံကြည်မှု ‘သဒ္ဓါ’ တရားလည်း မရှိ၊ အရှက်လည်း မရှိ၊ အကြောက်လည်း မရှိ၊ အကြားအမြင်လည်း နည်း၏၊ ပညာမဲ့၏။ အနုရုဒ္ဓါ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော မာတုဂါမသည်။ပ။ ငရဲသို့ရောက်ရ၏ဟု (မိန့်တော်မူ၏)။

ဧကာဒသမသုတ်။