သံယုတ္တနိကာယ်—၃၇
၁—ပဌမ ပေယျာလဝဂ်
၁၂—ကုသီတသုတ်
၂၉၁။ အနုရုဒ္ဓါ တရားငါးမျိုးတို့နှင့် ပြည့်စုံသော မာတုဂါမသည်။ပ။ ငရဲသို့ ရောက်ရ၏။ အဘယ်ငါးမျိုးတို့နည်း၊ ယုံကြည်မှု ‘သဒ္ဓါ’တရားလည်း မရှိ၊ အရှက်လည်း မရှိ၊ အကြောက်လည်း မရှိ၊ ပျင်းရိ၏၊ ပညာမဲ့၏။ အနုရုဒ္ဓါ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော မာတုဂါမသည်။ပ။ ချမ်းသာကင်းရာ မကောင်းသော လားရာ ပျက်စီးကျရောက်ရာ ငရဲသို့ ရောက်ရ၏ဟု (မိန့်တော်မူ၏)။
ဒွါဒသမသုတ်။