သံယုတ္တနိကာယ်—၃၇

၁—ပဌမ ပေယျာလဝဂ်

၁၃—မုဋ္ဌဿတိသုတ်

၂၉၂။ အနုရုဒ္ဓါ တရားငါးမျိုးတို့နှင့် ပြည့်စုံသော မာတုဂါမသည်။ပ။ ငရဲသို့ ရောက်ရ၏။ အဘယ်ငါးမျိုးတို့နည်း၊ ယုံကြည်မှု ‘သဒ္ဓါ’ တရားလည်း မရှိ၊ အရှက်လည်း မရှိ၊ အကြောက်လည်း မရှိ၊ သတိလွတ်ကင်း၏၊ ပညာမဲ့၏။ အနုရုဒ္ဓါ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော မာတုဂါမသည်။ပ။ ငရဲသို့ ရောက်ရ၏ဟု (မိန့်တော်မူ၏)။

တေရသမသုတ်။