သံယုတ္တနိကာယ်—၃၇
၁—ပဌမ ပေယျာလဝဂ်
၁၄—ပဉ္စဝေရသုတ်
၂၉၃။ အနုရုဒ္ဓါ တရားငါးမျိုးတို့နှင့် ပြည့်စုံသော မာတုဂါမသည်။ပ။ ငရဲသို့ ရောက်ရ၏။ အဘယ်ငါးမျိုးတို့နည်း၊ သူ့အသက်ကိုလည်း သတ်လေ့ရှိ၏၊ မပေးသည်ကိုလည်း ယူလေ့ရှိ၏၊ ကာမတို့၌ မှားယွင်းစွာ ကျင့်လေ့ရှိ၏၊ မမှန်ပြောလေ့ရှိ၏၊ မေ့လျော့ကြောင်း ဖြစ်သော သေအရက်ကို သောက်လေ့ရှိ၏။ အနုရုဒ္ဓါ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော မာတုဂါမသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းရာ မကောင်းသော လားရာ ပျက်စီးကျရောက်ရာ ငရဲသို့ ရောက်ရ၏ဟု (မိန့်တော်မူ၏)။
စုဒ္ဒသမသုတ်။
ပဌမ ပေယျာလဝဂ် ပြီး၏။