သံယုတ္တနိကာယ်—၃၇

၂—ဒုတိယ ပေယျာလဝဂ်

၂—အနုပနာဟီသုတ်

၂၉၅။ အနုရုဒ္ဓါ တရားငါးမျိုးတို့နှင့် ပြည့်စုံသော မာတုဂါမသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသော လားရာဖြစ်သော နတ်ပြည်သို့ ရောက်ရ၏။ အဘယ်ငါးမျိုးတို့နည်း၊ ယုံကြည်မှု ‘သဒ္ဓါ’ တရားလည်း ရှိ၏၊ အရှက်လည်း ရှိ၏၊ အကြောက်လည်း ရှိ၏၊ ရန်ငြိုး မရှိ၊ ပညာရှိ၏။ အနုရုဒ္ဓါ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော မာတုဂါမသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာဖြစ်သော နတ်ပြည်သို့ ရောက်ရ၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။