သံယုတ္တနိကာယ်—၃၇
၂—ဒုတိယ ပေယျာလဝဂ်
၃—အနိဿုကီသုတ်
၂၉၆။ အနုရုဒ္ဓါ တရားငါးမျိုးတို့နှင့် ပြည့်စုံသော မာတုဂါမသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသော လားရာ နတ်ပြည်သို့ ရောက်ရ၏။ အဘယ်ငါးမျိုးတို့နည်း၊ ယုံကြည်မှု’သဒ္ဓါ’လည်း ရှိ၏၊ အရှက်လည်း ရှိ၏၊ အကြောက်လည်း ရှိ၏၊ မငြူစူတတ်၊ ပညာရှိ၏။ပ။
တတိယသုတ်။