သံယုတ္တနိကာယ်—၃၇

၃—ဗလဝဂ်

၁—ဝိသာရဒသုတ်

၃ဝ၄။ ရဟန်းတို့ မာတုဂါမ၏ အားတို့သည် ဤငါးမျိုးတို့တည်း။ အဘယ်ငါးမျိုးတို့နည်း၊ အဆင်းအား၊ စည်းစိမ်ဥစ္စာအား၊ ဆွေမျိုးအား၊ သားသမီးအား၊ သီလအားတို့တည်း။ ရဟန်းတို့ မာတုဂါမ၏အားတို့သည် ဤငါးမျိုးတို့တည်း။ ရဟန်းတို့ ဤအားငါးမျိုးတို့နှင့် ပြည့်စုံသော မာတုဂါမသည် (မကြောက်မရွံ့) ရဲရင့်စွာ အိမ်၌ နေရ၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။