သံယုတ္တနိကာယ်—၃၇

၂—ဒုတိယ ပေယျာလဝဂ်

၁ဝ—ပဉ္စသီလသုတ်

၃ဝ၃။ အနုရုဒ္ဓါ တရားငါးမျိုးတို့နှင့် ပြည့်စုံသော မာတုဂါမသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသော လားရာ နတ်ပြည်သို့ ရောက်ရ၏။ အဘယ်ငါးမျိုးတို့နည်း၊ အသက်ကိုသတ်ခြင်းမှ ရှောင်ကြဉ်၏၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏၊ ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းမှရှောင်ကြဉ်၏၊ မမှန်ဆိုခြင်းမှ ရှောင်ကြဉ်၏၊ မေ့လျော့ကြောင်းဖြစ်သော သေအရက်သောက်ခြင်းမှ ရှောင်ကြဉ်၏။ အနုရုဒ္ဓါ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော မာတုဂါမသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသော လားရာ နတ်ပြည်သို့ ရောက်ရ၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

ဒုတိယ ပေယျာလဝဂ် ပြီး၏။