သံယုတ္တနိကာယ်—၄ဝ
၁ဝ—သက္ကသုတ်
၃၄၁။ ထိုအခါ အသျှင်မဟာမောဂ္ဂလာန်သည် အားရှိသော ယောကျာ်းသည် ကွေးထားသော လက်မောင်းကို ဆန့်သကဲ့သို့လည်းကောင်း၊ ဆန့်ထားသော လက်မောင်းကို ကွေးသကဲ့သို့လည်းကောင်း ဤအတူ ဇေတဝန်ကျောင်းတော်မှ ကွယ်ခဲ့၍ တာဝတိံသာနတ်ပြည်၌ ထင်ရှားဖြစ်၏။ ထိုအခါ နတ်တို့အရှင်သိကြားမင်းသည် ငါးရာကုန်သော နတ်တို့နှင့် အတူ အသျှင်မဟာမောဂ္ဂလာန်ထံသို့ ချဉ်းကပ်ပြီးလျှင်အသျှင်မဟာမောဂ္ဂလာန်ကို ရှိခိုး၍ တစ်ခုသော နေရာ၌ ရပ်တည်လေ၏။ တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် နတ်တို့အရှင် သိကြားမင်းအား အသျှင်မဟာမောဂ္ဂလာန်သည် ဤစကားကို ဆို၏—ိံနတ်တို့အရှင် သိကြားမင်း ဘုရားကိုကိုးကွယ်ဆည်းကပ်ခြင်းသည် ကောင်း၏၊ နတ်တို့အရှင်သိကြားမင်း ဘုရားကိုကိုးကွယ်ဆည်းကပ်ခြင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည်ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏ လားရာဖြစ်သော နတ်ပြည်သို့ ရောက်ရကုန်၏။ နတ်တို့အရှင် သိကြားမင်း တရားကိုကိုးကွယ်ဆည်းကပ်ခြင်းသည် ကောင်း၏၊ နတ်တို့အရှင်သိကြားမင်း တရားကိုကိုးကွယ်ဆည်းကပ်ခြင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည်ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏ လားရာဖြစ်သော နတ်ပြည်သို့ ရောက်ရကုန်၏။ နတ်တို့အရှင် သိကြားမင်း သံဃာကိုကိုးကွယ်ဆည်းကပ်ခြင်းသည် ကောင်း၏၊ နတ်တို့အရှင်သိကြားမင်း သံဃာကိုကိုးကွယ်ဆည်းကပ်ခြင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည်ကိုယ့်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏ လားရာဖြစ်သော နတ်ပြည်သို့ ရောက်ရကုန်၏ဟု မိန့်ဆို၏။
အသျှင်မောဂ္ဂလာန် ဘုရားကိုကိုးကွယ်ဆည်းကပ်ခြင်းသည် ကောင်း၏၊ အသျှင်မောဂ္ဂလာန် ဘုရားကိုကိုးကွယ်ဆည်းကပ်ခြင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည်ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏ လားရာဖြစ်သော နတ်ပြည်သို့ ရောက်ရကုန်၏။ အသျှင်မောဂ္ဂလာန် တရားကိုကိုးကွယ်ဆည်းကပ်ခြင်းသည် ကောင်း၏၊ အသျှင်မောဂ္ဂလာန် တရားကိုကိုးကွယ်ဆည်းကပ်ခြင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည်ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသော သူတို့၏ လားရာဖြစ်သော နတ်ပြည်သို့ ရောက်ရကုန်၏။ အသျှင်မောဂ္ဂလာန်သံဃာ။ပ။ ကောင်းသော သူတို့၏ လားရာ ဖြစ်သော နတ်ပြည်သို့ ရောက်ရကုန်၏ဟု လျှောက်၏။
ထိုအခါ နတ်တို့အရှင် သိကြားမင်းသည် ခြောက်ရာကုန်သော နတ်တို့နှင့် အတူ။ပ။ ထိုအခါ နတ်တို့အရှင် သိကြားမင်းသည် ခုနစ်ရာကုန်သော နတ်တို့နှင့် အတူ။ပ။ ထိုအခါ နတ်တို့အရှင်သိကြားမင်းသည် ရှစ်ရာကုန်သော နတ်တို့နှင့် အတူ။ပ။ ထိုအခါ နတ်တို့အရှင် သိကြားမင်းသည်ရှစ်သောင်းကုန်သော နတ်တို့နှင့် အတူ အသျှင်မဟာမောဂ္ဂလာန်ထံသို့ ချဉ်းကပ်၍ အသျှင်မဟာမောဂ္ဂလာန်ကို ရှိခိုးပြီးလျှင် တစ်ခု သော နေရာ၌ ရပ်တည်လေ၏။ တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် နတ်တို့အရှင် သိကြားမင်းအား အသျှင်မဟာမောဂ္ဂလာန်သည် ဤစကားကို ဆို၏—ိံနတ်တို့အရှင် သိကြားမင်း ဘုရားကိုကိုးကွယ်ဆည်းကပ်ခြင်းသည် ကောင်း၏၊ နတ်တို့အရှင်သိကြားမင်း ဘုရားကိုကိုးကွယ်ဆည်းကပ်ခြင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည်ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏ လားရာဖြစ်သော နတ်ပြည်သို့ ရောက်ရကုန်၏။ နတ်တို့အရှင် သိကြားမင်း တရားကိုကိုးကွယ်ဆည်းကပ်ခြင်းသည် ကောင်း၏၊ နတ်တို့အရှင်သိကြားမင်း တရားကိုကိုးကွယ်ဆည်းကပ်ခြင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည်ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏ လားရာဖြစ်သော နတ်ပြည်သို့ ရောက်ရကုန်၏။ နတ်တို့အရှင် သိကြားမင်း သံဃာကိုကိုးကွယ်ဆည်းကပ်ခြင်းသည် ကောင်း၏၊ နတ်တို့အရှင်သိကြားမင်း သံဃာကိုကိုးကွယ်ဆည်းကပ်ခြင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည်ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏ လားရာဖြစ်သော နတ်ပြည်သို့ ရောက်ရကုန်၏ဟု မိန့်ဆို၏။
အသျှင်မောဂ္ဂလာန် ဘုရားကိုကိုးကွယ်ဆည်းကပ်ခြင်းသည် ကောင်း၏၊ အသျှင်မောဂ္ဂလာန် ဘုရားကိုကိုးကွယ်ဆည်းကပ်ခြင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည်ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏ လားရာဖြစ်သော နတ်ပြည်သို့ ရောက်ရကုန်၏။ အသျှင်မောဂ္ဂလာန် တရားကိုကိုးကွယ်ဆည်းကပ်ခြင်းသည် ကောင်း၏။ပ။ အသျှင်မောဂ္ဂလာန် သံဃာကိုကိုးကွယ်ဆည်းကပ်ခြင်းသည် ကောင်း၏၊ အသျှင်မောဂ္ဂလာန် သံဃာကိုကိုးကွယ်ဆည်းကပ်ခြင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည်ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောသူတို့၏ လားရာဖြစ်သော နတ်ပြည်သို့ ရောက်ရကုန်၏ဟု လျှောက်၏။
ထိုအခါ နတ်တို့အရှင် သိကြားမင်းသည် ငါးရာကုန်သော နတ်တို့နှင့်အတူ အသျှင်မဟာမောဂ္ဂလာန်ထံသို့ ချဉ်းကပ်၍ အသျှင်မဟာမောဂ္ဂလာန်ကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်တည်လေ၏၊ တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော နတ်တို့အရှင် သိကြားမင်းအား အသျှင်မဟာမောဂ္ဂလာန်သည် ဤစကားကို ဆို၏။ နတ်တို့အရှင် သိကြားမင်း “ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သောအကြောင်းကြောင့်လည်း ‘ အရဟံ ‘ မည်တော်မူ၏၊ (အလုံးစုံသော တရားတို့ကို)ကိုယ်တိုင်မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း ‘သမ္မာသမ္ဗုဒ္ဓ’ မည်တော်မူ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့်’စရဏ’နှင့်ပြည့်စုံ တော်မူသော အကြောင်းကြောင့်လည်း ‘ဝိဇ္ဇာစရဏသမ္ပန္န’ မည်တော်မူ၏၊ ကောင်းသော စကားကိုဆိုတော် မူတတ်သော အကြောင်းကြောင့်လည်း ‘သုဂတ’ မည်တော်မူ၏၊ လောကကို သိတော်မူတတ်သောအကြောင်း ကြောင့်လည်း ‘လောကဝိဒူ’ မည်တော်မူ၏၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့်အတုမဲ့ပုဂ္ဂိုလ်ဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘ အနုတ္တရော ပုရိသဒမ္မသာရထိ ‘ မည်တော်မူ၏၊ နတ်လူတို့၏ ဆရာဖြစ်တော်မူ သော အကြောင်းကြောင့်လည်း ‘သတ္ထာ ဒေဝမနုဿာနံ’ မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေ တော်မူသော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’ မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ ဘဂဝါ ‘ မည်တော်မူ၏”ဟု ဘုရား၌ သက်ဝင်၍ ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်းသည် ကောင်း၏။ နတ်တို့အရှင် သိကြားမင်း ဘုရား၌ သက်ဝင်၍ ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်းကြောင့် ဤလောက၌ အချို့ သော သတ္တဝါတို့သည်ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏ လားရာဖြစ် သော နတ်ပြည်သို့ ရောက်ရကုန်၏။
နတ်တို့အရှင် သိကြားမင်း “တရားတော်သည် မြတ်စွာဘုရား ကောင်းစွာ ဟောထားသော တရားတော်ပါပေတည်း၊ကိုယ်တိုင် သိမြင်နိုင်သော တရားတော်ပါပေတည်း၊ အခါမလင့် အကျိုးပေးတတ်သောတရားတော်ပါပေတည်း၊ လာလှည့် ရှုလှည့်ဟု ပြထိုက်သော တရားတော်ပါပေတည်း၊ မိမိ၏ကိုယ်ထဲစိတ်ထဲ၌ ဆောင်ယူထားထိုက်သော တရားတော်ပါပေတည်း၊ (အရိယာ) ပညာရှိတို့သာကိုယ်စီကိုယ်ငသိနိုင် ခံစားနိုင်သော တရားတော်ပါပေတည်း”ဟု တရား၌ သက်ဝင်၍ ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်းသည်ကောင်း၏။ နတ်တို့အရှင် သိကြားမင်း တရား၌ သက်ဝင်၍ ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည်ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောသူတို့၏ လားရာ ဖြစ်သော နတ်ပြည်သို့ ရောက်ရကုန်၏။
နတ်တို့အရှင် သိကြားမင်း “မြတ်စွာဘုရား၏ တပည့်သားသံဃာတော်သည် ကောင်းသော အကျင့်ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သားသံဃာတော်သည် ဖြောင့်မတ်သောအကျင့်ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သားသံဃာတော်သည် မှန်ကန်သောအကျင့်ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သားသံဃာတော်သည် လျော်ကန်သောအကျင့်ရှိတော်မူပါပေ၏၊ အစုံအားဖြင့် လေးစုံ, ပုဂ္ဂိုလ်အား ဖြင့် ရှစ်ပါးအရေအတွက်ရှိသောမြတ်စွာဘုရား၏ တပည့်သားသံဃာတော်သည် အရပ်ဝေးမှ ဆောင်လာ သော အလှူကိုခံတော်မူထိုက်ပါပေ၏၊ ဧည့်သည်တို့အလို့ငှါ စီမံထားသော အလှူကို ခံတော်မူထိုက်ပါပေ၏၊ တမလွန်အတွက် ရည်မျှော်သော အလှူကို ခံတော်မူထိုက်ပါပေ၏၊ လက်အုပ်ချီခြင်းငှါ ထိုက်ပါပေ၏၊ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေ ဖြစ်တော်မူပါပေ၏ “ဟု သံဃာ၌ သက်ဝင်၍ ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်းသည် ကောင်း၏။ နတ်တို့အရှင် သိကြားမင်း သံဃာ၌ သက်ဝင်၍ ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည်ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသော သူတို့၏ လားရာဖြစ်သော နတ်ပြည်သို့ ရောက်ရကုန်၏။
နတ်တို့အရှင် သိကြားမင်း မကျိုးမပေါက် မပြောက်မကျားမူ၍ (တဏှာကျွန်အဖြစ်မှ) လွတ်မြောက်လျက် ပညာရှိတို့ ချီးမွမ်းအပ် မှားသောအားဖြင့် မသုံးသပ်အပ် တည်ကြည်မှုကို ဖြစ်စေတတ်ကုန်သောအရိယာတို့ နှစ်သက်အပ်ကုန်သော သီလတို့နှင့် ပြည့်စုံခြင်းသည် ကောင်း၏။ နတ်တို့အရှင် သိကြားမင်းအရိယာတို့ နှစ်သက်အပ်ကုန်သော သီလတို့နှင့် ပြည့်စုံခြင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည်ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏ လားရာဖြစ်သော နတ်ပြည်သို့ရောက်ရကုန်၏ဟူသော ဤစကားကို မိန့်ဆို၏။
အသျှင်မောဂ္ဂလာန် “ ဤအကြောင်းကြောင့်လည်း။ပ။ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း သတ္ထာ ဒေဝမနုဿာနံ မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း ဗုဒ္ဓ မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ဘဂဝါမည်တော်မူ၏ “ဟု ဘုရား၌ သက်ဝင်၍ ကြည်ညိုခြင်းသည် ကောင်း၏။ အသျှင်မောဂ္ဂလာန် ဘုရား၌ သက်ဝင်၍ ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည်ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏ လားရာဖြစ်သော နတ်ပြည်သို့ ရောက်ရကုန်၏။
အသျှင်မောဂ္ဂလာန် “တရားတော်သည် မြတ်စွာဘုရား ကောင်းစွာ ဟောထားသော တရားတော်ပါပေတည်း။ပ။ (အရိယာ) ပညာရှိတို့သာကိုယ်စီကိုယ်င သိနိုင်ခံစားနိုင်သော တရားတော်ပါပေတည်း”ဟုတရား၌ သက်ဝင်၍ ကြည်ညိုုခြင်းသည် ကောင်း၏။ အသျှင်မောဂ္ဂလာန် တရား၌ သက်ဝင်၍ ကြည်ညိုခြင်း နှင့် ပြည့်စုံခြင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည်ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏ လားရာဖြစ်သော နတ်ပြည်သို့ ရောက်ရကုန်၏။
အသျှင်မောဂ္ဂလာန် “မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် ကောင်းသော အကျင့်ရှိတော်မူပါပေ၏။ပ။ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်တော်မူပါပေ၏”ဟု သံဃာ၌ သက်ဝင်၍ ကြည်ညိုခြင်းသည် ကောင်း၏။ အသျှင်မောဂ္ဂလာန် သံဃာ၌ သက်ဝင်၍ ကြည်ညိုခြင်းနှင့်ပြည့်စုံခြင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည်ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသော သူတို့၏ လားရာဖြစ်သော နတ်ပြည်သို့ ရောက်ရကုန်၏။
အသျှင်မောဂ္ဂလာန် မကျိုးကုန်။ပ။ သမာဓိကို ဖြစ်စေတတ်ကုန်သော အရိယာတို့ နှစ်သက်အပ်ကုန်သော သီလတို့နှင့် ပြည့်စုံခြင်းသည် ကောင်း၏။ အသျှင်မောဂ္ဂလာန် အရိယာတို့ နှစ်သက်အပ်ကုန်သောသီလတို့နှင့် ပြည့်စုံခြင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည်ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏ လားရာဖြစ်သော နတ်ပြည်သို့ ရောက်ရကုန်၏ဟု လျှောက်၏။
ထိုအခါ၌ နတ်တို့အရှင် သိကြားမင်းသည် ခြောက်ရာကုန်သော နတ်တို့နှင့် အတူ။ပ။ ထိုအခါနတ်တို့အရှင် သိကြားမင်းသည် ခုနစ်ရာကုန်သော နတ်တို့နှင့် အတူ။ပ။ ထိုအခါ နတ်တို့အရှင် သိကြားမင်းသည် ရှစ်ရာကုန်သော နတ်တို့နှင့် အတူ။ပ။ ထိုအခါ နတ်တို့အရှင် သိကြားမင်းသည် ရှစ်သောင်းကုန်သော နတ်တို့နှင့် အတူ အသျှင်မဟာမောဂ္ဂလာန်ထံသို့ ချဉ်းကပ်၍ အသျှင်မဟာမောဂ္ဂလာန်ကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်တည်လေ၏။ တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် နတ်တို့အရှင်သိကြားမင်းအား အသျှင်မဟာမောဂ္ဂလာန်သည် ဤစကားကို ဆို၏—ိံနတ်တို့အရှင် သိကြားမင်း “ထိုမြတ်စွာဘုရားသည်။ပ။ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း သတ္ထာ ဒေဝမနုဿာနံ မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း ဗုဒ္ဓ မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသောအကြောင်းကြောင့်လည်း ဘဂဝါ မည်တော်မူ၏”ဟု ဘုရား၌ သက်ဝင်၍ ကြည်ညိုခြင်းနှင့်ပြည့်စုံခြင်းသည် ကောင်း၏။ နတ်တို့ အရှင် သိကြားမင်း ဘုရား၌ သက်ဝင်၍ ကြည်ညိုခြင်းနှင့်ပြည့်စုံခြင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည်ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသော သူတို့၏ လားရာဖြစ်သော နတ်ပြည်သို့ ရောက်ရကုန်၏။
နတ်တို့အရှင် သိကြားမင်း “တရားတော်သည် မြတ်စွာဘုရား ကောင်းစွာ ဟောထားသော တရားတော်ပါပေတည်း။ပ။ (အရိယာ) ပညာရှိတို့သာကိုယ်စီကိုယ်င သိနိုင်ခံစားနိုင်သော တရားတော်ပါပေတည်း”ဟု တရား၌ သက်ဝင်၍ ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်းသည် ကောင်း၏။ နတ်တို့အရှင် သိကြားမင်းတရား၌ သက်ဝင်၍ ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည်ကိုယ် ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏ လားရာဖြစ်သော နတ်ပြည်သို့ရောက်ရ ကုန်၏။
နတ်တို့အရှင် သိကြားမင်း “မြတ်စွာဘုရား၏ တပည့်သားသံဃာတော်သည် ကောင်းသော အကျင့်ရှိတော်မူပါပေ၏။ပ။ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်တော်မူပါပေ၏ “ဟုသံဃာ၌ သက်ဝင်၍ ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်းသည် ကောင်း၏။ နတ်တို့အရှင် သိကြားမင်း သံဃာ၌ သက်ဝင်၍ ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည်ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏ လားရာဖြစ်သော နတ်ပြည်သို့ ရောက်ရကုန်၏။
နတ်တို့အရှင် သိကြားမင်း မကျိုးကုန်။ပ။ တည်ကြည်ခြင်း ‘သမာဓိ’ကို ဖြစ်စေတတ်ကုန်သောအရိယာတို့ နှစ်သက်အပ်ကုန်သော သီလတို့နှင့် ပြည့်စုံခြင်းသည် ကောင်း၏။ နတ်တို့အရှင် သိကြားမင်းအရိယာတို့ နှစ်သက်အပ်ကုန်သော သီလတို့နှင့် ပြည့်စုံခြင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည်ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏ လားရာဖြစ်သော နတ်ပြည်သို့ရောက်ရကုန်၏ ဟူသော ဤစကားကို မိန့်ဆို၏။
အသျှင်မောဂ္ဂလာန် “ထိုမြတ်စွာဘုရားသည်။ပ။ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း သတ္ထာ ဒေဝမနုဿာနံ မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသောအကြောင်းကြောင့်လည်း ဗုဒ္ဓ မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်းဘဂဝါ မည်တော်မူ၏ “ဟု ဘုရား၌ သက်ဝင်၍ ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်းသည် ကောင်း၏။
အသျှင်မောဂ္ဂလာန် ဘုရား၌ သက်ဝင်၍ ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်းကြောင့် ဤလောက၌ အချို့သောသတ္တဝါတို့သည်ကိုယ် ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏ လားရာဖြစ်သောနတ်ပြည်သို့ ရောက်ရ ကုန်၏။
အသျှင်မောဂ္ဂလာန် “တရားတော်သည် မြတ်စွာဘုရား ကောင်းစွာ ဟောထားသော တရားတော်ပါပေတည်း။ပ။ (အရိယာ) ပညာရှိတို့သာကိုယ်စီကိုယ်င သိနိုင်ခံစားနိုင်သော တရားတော်ပါပေတည်း”ဟုတရား၌ သက်ဝင်၍ ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်းသည် ကောင်း၏။ အသျှင်မောဂ္ဂလာန် တရား၌ သက်ဝင်၍ ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည်ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏ လားရာဖြစ်သော နတ်ပြည်သို့ရောက်ရကုန်၏။
အသျှင်မောဂ္ဂလာန် “မြတ်စွာဘုရား၏ တပည့်သားသံဃာတော်သည် ကောင်းသော အကျင့်ရှိတော်မူပါပေ၏။ပ။ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်တော်မူပါပေ၏ “ဟု သံဃာ၌ သက်ဝင်၍ ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်းသည် ကောင်း၏။ အသျှင်မောဂ္ဂလာန် သံဃာ၌ သက်ဝင်၍ ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည်ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည် မှ နောက်၌ ကောင်းသော သူတို့၏ လားရာဖြစ်သော နတ်ပြည်သို့ ရောက်ရကုန်၏။
အသျှင်မောဂ္ဂလာန် မကျိုးကုန်။ပ။ တည်ကြည်ခြင်း ‘သမာဓိ’ကို ဖြစ်စေတတ်ကုန်သော အရိယာတို့နှစ်သက်အပ်ကုန်သော သီလတို့နှင့် ပြည့်စုံခြင်းသည် ကောင်း၏။ အသျှင်မောဂ္ဂလာန် အရိယာတို့နှစ်သက် အပ်ကုန်သော သီလတို့နှင့် ပြည့်စုံခြင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည်ကိုယ်ခန္ဓာပျက် စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏ လားရာဖြစ်သော နတ်ပြည်သို့ရောက်ရကုန်၏ဟု လျှောက်၏။
ထိုအခါ နတ်တို့အရှင် သိကြားမင်းသည် ငါးရာကုန်သော နတ်တို့နှင့်အတူ အသျှင်မဟာမောဂ္ဂလာန်ထံသို့ ချဉ်းကပ်လေ၏။ပ။ တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် နတ်တို့အရှင် သိကြားမင်းအား အသျှင်မဟာမောဂ္ဂလာန်သည် ဤစကားကို ဆို၏။ နတ်တို့အရှင် သိကြားမင်း ဘုရားကိုကိုးကွယ်ဆည်းကပ်ခြင်းသည် ကောင်း၏။ နတ်တို့အရှင် သိကြားမင်း ဘုရားကိုကိုးကွယ်ဆည်းကပ်ခြင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည်ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏လားရာ ဖြစ်သော နတ်ပြည်သို့ ရောက်ရကုန်၏။ ထိုနတ်တို့သည် နတ်၌ ဖြစ်သော အသက်, အဆင်း,့ချမ်းသာ, အခြံအရံ, အစိုးရခြင်း၊ နတ်၌ ဖြစ်သော ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံဟူကုန်သောဆယ်ပါး သော ဌာနတို့ဖြင့် အခြားနတ်တို့ကို လွှမ်းမိုးနိုင်ကုန်၏။
နတ်တို့အရှင် သိကြားမင်း တရားကိုကိုးကွယ်ဆည်းကပ်ခြင်းသည် ကောင်း၏။ နတ်တို့အရှင်သိကြားမင်း။ပ။ တရားကိုကိုးကွယ်ဆည်းကပ်ခြင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည်ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏ လားရာဖြစ်သော နတ်ပြည်သို့ရောက်ရကုန်၏။ ထိုနတ်တို့သည် နတ်၌ ဖြစ်သော အသက်, အဆင်း, ချမ်းသာ, အခြံအရံ, အစိုးရခြင်း၊ နတ်၌ ဖြစ်သော ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံဟူကုန်သော ဆယ်ပါးသော ဌာနတို့ဖြင့်အခြားနတ်တို့ကို လွှမ်းမိုးနိုင်ကုန်၏။
နတ်တို့အရှင် သိကြားမင်း သံဃာကိုကိုးကွယ်ဆည်းကပ်ခြင်းသည် ကောင်း၏။ နတ်တို့အရှင်သိကြားမင်း သံဃာကိုကိုးကွယ်ဆည်းကပ်ခြင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည်ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏ လားရာဖြစ်သော နတ်ပြည်သို့ ရောက်ရကုန်၏။ ထိုနတ်တို့သည် နတ်၌ ဖြစ်သော အသက်, အဆင်း, ချမ်းသာ, အခြံအရံ,အစိုးရခြင်း၊ နတ်၌ ဖြစ်သော ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ ဖောဋ္ဌဗ္ဗာရုံဟူကုန်သော ဆယ်ပါးသော ဌာနတို့ဖြင့် အခြားနတ်တို့ကို လွှမ်းမိုးနိုင်ကုန်၏ဟု မိန့်ဆို၏။
အသျှင်မောဂ္ဂလာန် ဘုရားကိုကိုးကွယ်ဆည်းကပ်ခြင်းသည် ကောင်း၏။ အသျှင်မောဂ္ဂလာန် ဘုရားကိုကိုးကွယ်ဆည်းကပ်ခြင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည်ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏ လားရာဖြစ်သော နတ်ပြည်သို့ ရောက်ရကုန်၏။ ထိုနတ်တို့သည် နတ်၌ ဖြစ်သော အသက်။ပ။ နတ်၌ ဖြစ်သော ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံဟူကုန်သော ဆယ်ပါးသော ဌာနတို့ဖြင့် အခြားနတ်တို့ကို လွှမ်းမိုးနိုင်ကုန်၏။
အသျှင်မောဂ္ဂလာန် တရားကိုကိုးကွယ်ဆည်းကပ်ခြင်းသည် ကောင်း၏။ပ။ သံဃာကိုကိုးကွယ်ဆည်းကပ်ခြင်းသည် ကောင်း၏။ အသျှင်မောဂ္ဂလာန် သံဃာကိုကိုးကွယ်ဆည်းကပ်ခြင်းကြောင့် ဤလောက ၌ အချို့သော သတ္တဝါတို့သည်ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောသူတို့၏ လား ရာဖြစ်သော နတ်ပြည်သို့ ရောက်ရကုန်၏။ ထိုနတ်တို့သည် နတ်၌ ဖြစ်သော အသက်,အဆင်း, ချမ်းသာ, အခြံအရံ, အစိုးရခြင်း၊ နတ်၌ ဖြစ်သော ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ,ဖောဋ္ဌဗ္ဗာရုံဟူကုန်သော ဆယ်ပါး သော ဌာနတို့ဖြင့် အခြားနတ်တို့ကို လွှမ်းမိုးနိုင်ကုန်၏ဟု လျှောက်၏။
ထိုအခါ နတ်တို့အရှင် သိကြားမင်းသည် ခြောက်ရာကုန်သော နတ်တို့နှင့်အတူ။ပ။ ထိုအခါ နတ်တို့အရှင် သိကြားမင်းသည် ခုနစ်ရာကုန်သော နတ်တို့နှင့်အတူ။ပ။ ထိုအခါ နတ်တို့အရှင် သိကြားမင်းသည်ရှစ်ရာကုန်သော နတ်တို့နှင့်အတူ။ပ။ ထိုအခါ နတ်တို့အရှင် သိကြားမင်းသည် ရှစ်သောင်းကုန်သော နတ်တို့နှင့်အတူ အသျှင်မဟာမောဂ္ဂလာန်ထံသို့ ချဉ်းကပ်၍ အသျှင်မဟာမောဂ္ဂလာန်ကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်တည်လေ၏။ တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော နတ်တို့အရှင် သိကြားမင်းအားအသျှင်မဟာမောဂ္ဂလာန်သည် ဤစကားကို ဆို၏။ နတ်တို့အရှင် သိကြားမင်း ဘုရားကိုကိုးကွယ်ဆည်းကပ်ခြင်းသည် ကောင်း၏။ နတ်တို့အရှင် သိကြားမင်း ဘုရားကိုကိုးကွယ်ဆည်းကပ်ခြင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည်ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောသူတို့၏ လားရာဖြစ်သော နတ်ပြည်သို့ ရောက်ရကုန်၏၊ ထိုနတ်တို့သည် နတ်၌ ဖြစ်သော အသက်။ပ။ နတ်၌ ဖြစ်သော ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံဟူကုန်သော ဆယ်ပါးသော ဌာနတို့ဖြင့်အခြားနတ်တို့ကို လွှမ်းမိုးနိုင်ကုန်၏။
နတ်တို့အရှင် သိကြားမင်း တရားကိုကိုးကွယ်ဆည်းကပ်ခြင်းသည် ကောင်း၏။ပ။
နတ်တို့အရှင် သိကြားမင်း သံဃာကိုကိုးကွယ်ဆည်းကပ်ခြင်းသည် ကောင်း၏။ နတ်တို့အရှင့်သိကြားမင်း သံဃာကိုကိုးကွယ်ဆည်းကပ်ခြင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည်ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏ လားရာဖြစ်သော နတ်ပြည်သို့ ရောက်ရကုန်၏။ ထိုနတ်တို့သည် နတ်၌ ဖြစ်သော အသက်, အဆင်း, ချမ်းသာ, အခြံအရံ, အစိုးရခြင်း၊ နတ်၌ ဖြစ်သော ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံဟူကုန်သော ဆယ်ပါးသော ဌာနတို့ဖြင့် အခြားနတ်တို့ကို လွှမ်းမိုးနိုင်ကုန်၏ဟု မိန့်ဆို၏။
အသျှင်မောဂ္ဂလာန် ဘုရားကိုကိုးကွယ်ဆည်းကပ်ခြင်းသည် ကောင်း၏။ပ။ အသျှင်မောဂ္ဂလာန် တရားကိုကိုးကွယ်ဆည်းကပ်ခြင်းသည် ကောင်း၏။ပ။ အသျှင်မောဂ္ဂလာန် သံဃာကိုကိုးကွယ်ဆည်းကပ်ခြင်းသည် ကောင်း၏။ အသျှင်မောဂ္ဂလာန် သံဃာကိုကိုးကွယ်ဆည်းကပ်ခြင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည်ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏ လားရာဖြစ်သော နတ်ပြည်သို့ ရောက်ရကုန်၏။ ထိုနတ်တို့သည် နတ်၌ ဖြစ်သော အသက်, အဆင်း, ချမ်းသာ,အခြံအရံ, အစိုးရခြင်း၊ နတ်၌ ဖြစ်သော ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံဟူကုန်သော ဆယ်ပါးသော ဌာနတို့ဖြင့် အခြားနတ်တို့ကို လွှမ်းမိုးနိုင်ကုန်၏ဟု လျှောက်၏။
ထိုအခါ နတ်တို့အရှင် သိကြားမင်းသည် ငါးရာကုန်သော နတ်တို့နှင့်အတူ အသျှင်မဟာမောဂ္ဂလာန်ထံသို့ ချဉ်းကပ်၍ အသျှင်မဟာမောဂ္ဂလာန်ကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်တည်လေ၏၊ တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော နတ်တို့အရှင် သိကြားမင်းအား အသျှင်မဟာမောဂ္ဂလာန်သည် ဤစကားကို မိန့်ဆို၏။ နတ်တို့အရှင် သိကြားမင်း “မြတ်စွာဘုရားသည်း။ပ။ နတ်လူတို့၏ ဆရာဖြစ်တော်မူသောအကြောင်းကြောင့်လည်း သတ္ထာ ဒေဝမနုဿာနံ မည်တော်မူ၏။ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း ဗုဒ္ဓ မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသောအကြောင်းကြောင့်လည်း ဘဂဝါ မည်တော်မူ၏”ဟု ဘုရား၌ သက်ဝင်၍ ကြည်ညိုခြင်းနှင့်ပြည့်စုံခြင်းသည် ကောင်း၏။ နတ်တို့ အရှင် သိကြားမင်း ဘုရား၌ သက်ဝင်၍ ကြည်ညိုခြင်းနှင့်ပြည့်စုံခြင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည်ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသော သူတို့၏ လားရာဖြစ်သော နတ်ပြည်သို့ ရောက်ရကုန်၏။ ထိုနတ်တို့သည် နတ်၌ ဖြစ်သော အသက်။ပ။ နတ်၌ ဖြစ်သော ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံဟူကုန်သောဆယ်ပါးသော ဌာနတို့ဖြင့် အခြားနတ်တို့ကို လွှမ်းမိုးနိုင် ကုန်၏။
နတ်တို့အရှင် သိကြားမင်း “တရားတော်သည် မြတ်စွာဘုရား ကောင်းစွာ ဟောထားသော တရားတော်ပါပေတည်း။ပ။ (အရိယာ) ပညာရှိတို့သာကိုယ်စီကိုယ်င သိနိုင်ခံစားနိုင်သော တရားတော်ပါပေတည်း”ဟု တရား၌ သက်ဝင်၍ ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်းသည် ကောင်း၏။ နတ်တို့အရှင်သိကြားမင်း တရား၌ သက်ဝင်၍ ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်းကြောင့် ဤလောက၌ အချို့သောသတ္တဝါတို့သည်ကိုယ် ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏ လားရာဖြစ်သောနတ်ပြည်သို့ ရောက်ရ ကုန်၏။ပ။
နတ်တို့အရှင် သိကြားမင်း “မြတ်စွာဘုရား၏ တပည့်သားသံဃာတော်သည် ကောင်းသော အကျင့်ရှိတော်မူပါပေ၏။ပ။ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်တော်မူပါပေ၏”ဟုသံဃာ၌ သက်ဝင်၍ ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်းသည် ကောင်း၏။ နတ်တို့အရှင် သိကြားမင်း သံဃာ၌ သက်ဝင်၍ ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည်ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏ လားရာဖြစ်သော နတ်ပြည်သို့ ရောက်ရကုန်၏။
နတ်တို့အရှင် သိကြားမင်း မကျိုးကုန်။ပ။ တည်ကြည်ခြင်း ‘သမာဓိ’ကို ဖြစ်စေတတ်ကုန်သောအရိယာတို့ နှစ်သက်အပ်ကုန်သော သီလတို့နှင့် ပြည့်စုံခြင်းသည် ကောင်း၏။ နတ်တို့အရှင် သိကြားမင်းအရိယာတို့ နှစ်သက်အပ်ကုန်သော သီလတို့နှင့် ပြည့်စုံခြင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည်ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏ လားရာဖြစ်သော နတ်ပြည်သို့ရောက်ရကုန်၏။ ထိုသူတို့သည် နတ်၌ ဖြစ်သော အသက်။ပ။ နတ်၌ ဖြစ်သော ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ,ရသာရုံ, ဖောဋ္ဌဗ္ဗာရုံဟူကုန်သော ဆယ်ပါးသော ဌာနတို့ဖြင့် အခြားနတ်တို့ကို လွှမ်းမိုးနိုင်ကုန်၏ဟုမိန့်ဆို၏။
အသျှင်မောဂ္ဂလာန် “ထိုမြတ်စွာဘုရားသည်။ပ။ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း သတ္ထာ ဒေဝမနုဿာနံ မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသောအကြောင်းကြောင့်လည်း ဗုဒ္ဓ မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်းဘဂဝါ မည်တော်မူ၏ “ဟု ဘုရား၌ သက်ဝင်၍ ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်းသည် ကောင်း၏၊ အသျှင်မောဂ္ဂလာန် ဘုရား၌ သက်ဝင်၍ ကြည်ညိုခြင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည်ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏ လားရာဖြစ်သော နတ်ပြည်သို့ရောက်ရကုန်၏၊ ထိုသူတို့သည် နတ်၌ ဖြစ်သော အသက်။ပ။ နတ်၌ ဖြစ်သော ဖောဋ္ဌဗ္ဗာရုံဟူကုန်သောဆယ်ပါးသော ဌာနတို့ဖြင့် အခြားနတ်တို့ကို လွှမ်းမိုးနိုင်ကုန်၏။
အသျှင်မောဂ္ဂလာန် “တရားတော်သည် မြတ်စွာဘုရား ကောင်းစွာ ဟောထားသော တရားတော်ပါပေတည်း။ပ။ (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်င သိနိုင်ခံစားနိုင်သော တရားတော်ပါပေတည်း “ဟုတရား၌ သက်ဝင်၍ ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်းသည် ကောင်း၏၊ အသျှင်မောဂ္ဂလာန် တရား၌ သက်ဝင်၍ ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏ လားရာဖြစ်သော နတ်ပြည်သို့ ရောက်ရကုန်၏၊ ထိုသူတို့သည် နတ်၌ ဖြစ်သော အသက်။ပ။ နတ်၌ ဖြစ်သော ဖောဋ္ဌဗ္ဗာရုံဟူကုန်သော ဆယ်ပါးသောဌာနတို့ဖြင့် အခြားနတ်တို့ကို လွှမ်းမိုးနိုင်ကုန်၏။
အသျှင်မောဂ္ဂလာန် “မြတ်စွာဘုရား၏ တပည့်သားသံဃာတော်သည် ကောင်းသော အကျင့်ရှိတော်မူပါပေ၏။ပ။ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်ပါပေ၏ “ဟု သံဃာ၌ သက်ဝင်၍ ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်းသည် ကောင်း၏၊ အသျှင်မောဂ္ဂလာန် သံဃာ၌ သက်ဝင်၍ ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသော သူတို့၏ လားရာဖြစ်သော နတ်ပြည်သို့ ရောက်ရကုန်၏၊ ထိုသူတို့သည် နတ်၌ ဖြစ်သော အသက်။ပ။ နတ်၌ ဖြစ်သော ဖောဋ္ဌဗ္ဗာရုံဟူကုန်သော ဆယ်ပါးသော ဌာနတို့ဖြင့် အခြားနတ်တို့ကို လွှမ်းမိုးနိုင်ကုန်၏။
အသျှင်မောဂ္ဂလာန် မကျိုးကုန်။ပ။ တည်ကြည်ခြင်း ‘သမာဓိ’ကို ဖြစ်စေတတ်ကုန်သော အရိယာတို့နှစ်သက်အပ်သော သီလတို့နှင့် ပြည့်စုံခြင်းသည် ကောင်း၏၊ အသျှင်မောဂ္ဂလာန် အရိယာတို့နှစ်သက်အပ် ကုန်သော သီလတို့နှင့် ပြည့်စုံခြင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည်ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏ လားရာဖြစ်သော နတ်ပြည်သို့ရောက်ရကုန်၏၊ ထိုသူတို့သည် နတ်၌ ဖြစ်သော အသက်။ပ။ နတ်၌ ဖြစ်သော ဖောဋ္ဌဗ္ဗာရုံဟူကုန်သောဆယ်ပါးသော ဌာနတို့ဖြင့် အခြားနတ်တို့ကို လွှမ်းမိုးနိုင်ကုန်၏ဟု လျှောက်၏။
ထိုအခါ နတ်တို့အရှင် သိကြားမင်းသည် ခြောက်ရာကုန်သော နတ်တို့နှင့်အတူ။ပ။ ထိုအခါ နတ်တို့အရှင် သိကြားမင်းသည် ခုနစ်ရာကုန်သော နတ်တို့နှင့်အတူ။ပ။ ထိုအခါ နတ်တို့အရှင် သိကြားမင်းသည်ရှစ်ရာကုန်သော နတ်တို့နှင့်အတူ။ပ။ ထိုအခါ နတ်တို့အရှင် သိကြားမင်းသည် ရှစ်သောင်းကုန်သော နတ်တို့နှင့်အတူ အသျှင်မဟာမောဂ္ဂလာန်ထံသို့ ချဉ်းကပ်၍ အသျှင်မဟာမောဂ္ဂလာန်ကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်တည်လေ၏။ တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော နတ်တို့အရှင် သိကြားမင်းအားအသျှင်မဟာမောဂ္ဂလာန်သည် ဤစကားကို မိန့်ဆို၏—
နတ်တို့အရှင် သိကြားမင်း “ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း ‘အရဟံ’ မည်တော်မူ၏၊ (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသောအကြောင်းကြောင့်လည်း ‘သမ္မာသမ္ဗုဒ္ဓ’ မည်တော်မူ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’နှင့်ပြည်စုံတော်မူ သော အကြောင်းကြောင့်လည်း ‘ဝိဇ္ဇာစရဏသမ္ပန္န’ မည်တော်မူ၏၊ ကောင်းသော စကားကိုဆိုတော်မူတတ် သော အကြောင်းကြောင့်လည်း ‘သုဂတ’ မည်တော်မူ၏၊ လောကကို သိစေတော်မူသောအကြောင်းကြောင့်လည်း ‘လောကဝိဒူ’ မည်တော်မူ၏၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ်ဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘အနုတ္တရော ပုရိသဒမ္မသာရထိ’ မည်တော်မူ၏၊ နတ်လခတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာ ဒေဝမနုဿာနံ’ မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော် မူသော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’ မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’ မည်တော်မူ၏ဟု ဘုရား၌ သက်ဝင်၍ ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်းသည် ကောင်း၏၊ နတ်တို့အရှင် သိကြားမင်း ဘုရား၌ သက်ဝင်၍ ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်းကြောင့် အချို့သော သတ္တဝါ တို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသော သူတို့၏ လားရာဖြစ်သော နတ်ပြည် သို့ ရောက်ရကုန်၏၊ ထိုသူတို့သည် နတ်၌ ဖြစ်သော အသက်, အဆင်း, ချမ်းသာ, အခြံအရံ, အစိုးရခြင်း၊ နတ်၌ ဖြစ်သော ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ,ရသာရုံ, ဖောဋ္ဌဗ္ဗာရုံဟူကုန်သော ဆယ်ပါးသော ဌာနတို့ဖြင့် အခြားနတ်တို့ကို လွှမ်းမိုးနိုင်ကုန်၏။
နတ်တို့အရှင် သိကြားမင်း “တရားတော်သည် မြတ်စွာဘုရား ကောင်းစွာ ဟောတော်မူသောတရားတော်ပါပေတည်း၊ ကိုယ်တိုင် သိမြင်နိုင်သော တရားတော်ပါပေတည်း၊ အခါမလင့် အကျိုးပေးတတ်သော တရားတော်ပါပေတည်း၊ လာလှည့် ရှုလှည့်ဟု ပြထိုက်သော တရားတော်ပါပေတည်း၊ မိမိ၏ကိုယ်ထဲစိတ်ထဲ၌ ဆောင်ယူထားထိုက်သော တရားတော်ပါပေတည်း၊ (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်င သိနိုင်ခံစားနိုင်သော တရားတော်ပါပေတည်း “ဟု တရား၌ သက်ဝင်၍ ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်းသည် ကောင်း၏၊ နတ်တို့အရှင် သိကြားမင်း တရား၌ သက်ဝင်၍ ကြည်ညိုခြင်းနှင့်ပြည့်စုံခြင်းကြောင့် အချို့သော သတ္တဝါတို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏ လားရာ ဖြစ်သော နတ်ပြည်သို့ ရောက်ရကုန်၏၊ ထိုသူတို့သည် နတ်၌ ဖြစ်သောအသက်, အဆင်း, ချမ်းသာ, အခြံအရံ, အစိုးရခြင်း၊ နတ်၌ ဖြစ်သော ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ,ဖောဋ္ဌဗ္ဗာရုံဟူကုန်သော ဆယ်ပါး သော ဌာနတို့ဖြင့် အခြားနတ်တို့ကို လွှမ်းမိုးနိုင်ကုန်၏။
နတ်တို့အရှင် သိကြားမင်း “မြတ်စွာဘုရား၏ တပည့်သားသံဃာတော်သည် ကောင်းသော အကျင့်ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သားသံဃာတော်သည် ဖြောင့်မတ်သောအကျင့်ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် မှန်ကန်သောအကျင့်ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သားသံဃာတော်သည် လျော်ကန်သောအကျင့်ရှိတော်မူပါပေ၏၊ အစုံအားဖြင့် လေးစုံ, ပုဂ္ဂိုလ်အား ဖြင့် ရှစ်ပါး အရေအတွက်ရှိသောမြတ်စွာဘုရား၏ တပည့်သားသံဃာတော်သည် အရပ်ဝေးမှ ဆောင်ယူ လာသော အလှူကိုခံတော်မူထိုက်ပါပေ၏၊ ဧည့်သည်တို့အလိုငှါ စီမံထားသော အလှူကို ခံတော်မူထိုက်ပါ ပေ၏၊ တမလွန်အတွက် ရည်မျှော်သော အလှူကို ခံတော်မူထိုက်ပါပေ၏၊ လက်အုပ်ချီခြင်းငှါ ထိုက်ပါပေ၏၊ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံးလယ်မြေ ဖြစ်တော်မူပါပေ၏”ဟု သံဃာ၌ သက်ဝင်၍ ကြည် ညိုခြင်းနှင့် ပြည့်စုံခြင်းသည် ကောင်း၏၊ နတ်တို့အရှင် သိကြားမင်း သံဃာ၌ သက်ဝင်၍ ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်းကြောင့် အချို့သော သတ္တဝါတို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသော သူတို့၏ လားရာဖြစ်သော နတ်ပြည်သို့ ရောက်ရကုန်၏၊ ထိုသူတို့သည် နတ်၌ ဖြစ်သော အသက်, အဆင်း, ချမ်းသာ, အခြံအရံ, အစိုးရခြင်း၊ နတ်၌ ဖြစ်သော ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ,့ရသာရုံ, ဖောဋ္ဌဗ္ဗာရုံ ဟူကုန်သော ဆယ်ပါးသော ဌာနတို့ဖြင့် အခြားနတ်တို့ကို လွှမ်းမိုးနိုင်ကုန်၏။
နတ်တို့အရှင် သိကြားမင်း မကျိုးမပေါက် မပြောက်မကျားမူ၍ တဏှာကျွန်အဖြစ်မှ လွတ်မြောက် လျက်ပညာရှိတို့ ချီးမွမ်းအပ် မှားသောအားဖြင့် မသုံးသပ်အပ် တည်ကြည်မှုကို ဖြစ်စေတတ်ကုန်သောအရိယာတို့ နှစ်သက်အပ်ကုန်သော သီလတို့နှင့် ပြည့်စုံခြင်းသည် ကောင်း၏၊ နတ်တို့အရှင် သိကြားမင်းအရိယာတို့ နှစ်သက်အပ်ကုန်သော သီလတို့နှင့် ပြည့်စုံခြင်းကြောင့် အချို့သော သတ္တဝါတို့သည်ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏ လားရာဖြစ်သော နတ်ပြည်သို့ရောက်ရကုန်၏၊ ထိုသူတို့သည် နတ်၌ ဖြစ်သော အသက်, အဆင်း, ချမ်းသာ, အခြံအရံ, အစိုးရခြင်း၊ နတ်၌ ဖြစ်သော ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံဟူကုန်သော ဆယ်ပါးသော ဌာနတို့ဖြင့်အခြားနတ်တို့ကို လွှမ်းမိုးနိုင်ကုန်၏ဟု မိန့်တော်မူ၏။
အသျှင်မောဂ္ဂလာန် “ထိုမြတ်စွာဘုရားသည်။ပ။ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း သတ္ထာ ဒေဝမနုဿာနံ မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသောအကြောင်းကြောင့်လည်း ဗုဒ္ဓ မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်းဘဂဝါ မည်တော်မူ၏ “ဟု ဘုရား၌ သက်ဝင်၍ ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်းသည် ကောင်း၏၊ အသျှင်မောဂ္ဂလာန် ဘုရား၌ သက်ဝင်၍ ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်းကြောင့် ဤလောက၌ အချို့သောသတ္တဝါတို့သည် ခန္ဓာ ကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏ လားရာဖြစ်သောနတ်ပြည်သို့ ရောက်ရ ကုန်၏၊ ထိုသူတို့သည် နတ်၌ ဖြစ်သော အသက်။ပ။ နတ်၌ ဖြစ်သော ရူပါရုံ,သဒ္ဒါရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံ ဟူကုန်သော ဆယ်ပါးသော ဌာနတို့ဖြင့် အခြားနတ်တို့ကိုလွှမ်းမိုးနိုင်ကုန်၏။
အသျှင်မောဂ္ဂလာန် “တရားတော်သည် မြတ်စွာဘုရား ကောင်းစွာ ဟောထားသော တရားတော်ပါပေတည်း။ပ။ အရိယာပညာရှိတို့သာ ကိုယ်စီကိုယ်င သိနိုင်ခံစားနိုင်သော တရားတော်ပါပေတည်း”ဟုတရား၌ သက်ဝင်၍ ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်းသည် ကောင်း၏၊ အသျှင်မောဂ္ဂလာန် တရား၌ သက်ဝင်၍ ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည်ခန္ဓာကိုယ်ပျက်စီး၍ သေ ပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏ လားရာဖြစ်သော နတ်ပြည်သို့ရောက်ရကုန်၏၊ ထိုသူတို့သည် နတ်၌ ဖြစ်သော အသက်။ပ။ နတ်၌ ဖြစ်သော ဖောဋ္ဌဗ္ဗာရုံဟူကုန်သောဆယ်ပါးသော ဌာနတို့ဖြင့် အခြား နတ်တို့ကို လွှမ်းမိုးနိုင်ကုန်၏။
အသျှင်မောဂ္ဂလာန် “မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် ကောင်းသော အကျင့်ရှိတော်မူပါပေ၏။ပ။ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်၏ “ဟု သံဃာ၌ သက်ဝင်၍ ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်းသည် ကောင်း၏၊ အသျှင်မောဂ္ဂလာန် သံဃာ၌ သက်ဝင်၍ ကြည်ညိုခြင်းနှင့်ပြည့်စုံခြင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသော သူတို့၏ လားရာဖြစ်သော နတ်ပြည်သို့ ရောက်ရကုန်၏၊ ထိုသူတို့သည် နတ်၌ ဖြစ်သော အသက်။ပ။ နတ်၌ ဖြစ်သော ဖောဋ္ဌဗ္ဗာရုံဟူကုန်သော ဆယ်ပါးသော ဌာနတို့ဖြင့်အခြားနတ်တို့ကို လွှမ်း မိုးနိုင်ကုန်၏။
အသျှင်မောဂ္ဂလာန် မကျိုးကုန်။ပ။ တည်ကြည်မှု ‘သမာဓိ’ ကို ဖြစ်စေတတ်ကုန်သော အရိယာတို့နှစ်သက်အပ်ကုန်သော သီလတို့နှင့် ပြည့်စုံခြင်းသည် ကောင်း၏၊ အသျှင်မောဂ္ဂလာန် အရိယာတို့နှစ်သက် အပ်ကုန်သော သီလတို့နှင့် ပြည့်စုံခြင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည်ခန္ဓာကိုယ် ပျက် စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏ လားရာဖြစ်သော နတ်ပြည်သို့ရောက်ရကုန်၏၊ ထိုသူတို့သည် နတ်၌ ဖြစ်သော အသက်, အဆင်း, ချမ်းသာ, အခြံအရံ, အစိုးရခြင်း၊ နတ်၌ ဖြစ်သော ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံဟူကုန်သော ဆယ်ပါးသော ဌာနတို့ဖြင့်အခြားနတ်တို့ကို လွှမ်းမိုးနိုင်ကုန်၏ဟု (လျှောက်၏)။
ဒသမသုတ်။