သံယုတ္တနိကာယ်—၄၅
၈—သြဃဝဂ်
၇—နီဝရဏသုတ်
၁၇၈။ ရဟန်းတို့ ပိတ်ပင်တတ်သော တရား ‘နီဝရဏ’တို့သည် ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်း၊ ကာမစ္ဆန္ဒနီဝရဏ၊ ဗျာပါဒနီဝရဏ၊ ထိနမိဒ္ဓနီဝရဏ၊ ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ၊ ဝိစိကိစ္ဆာနီဝရဏတို့တည်း။ ရဟန်းတို့ နီဝရဏတို့သည် ဤငါးပါးတို့တည်း။ ရဟန်းတို့ ဤနီဝရဏတရားငါးပါးတို့ကိုထူးသော ဉာဏ်ဖြင့် သိခြင်းငှါ ပိုင်းခြား၍ သိခြင်းငှါ ကုန်စေခြင်းငှါ ပယ်ခြင်းငှါ။ပ။ ဤအင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွါးများအပ်၏ဟု (မိန့်တော်မူ၏)။
သတ္တမသုတ်။