သံယုတ္တနိကာယ်—၄၅

၅—အညတိတ္ထိယပေယျာလဝဂ်

၂—၇—သံယောဇနပ္ပဟာန စသော ၆—သုတ်

၄၂—၄၇။ ရဟန်းတို့ သာသနာ့ပြင်ပ အယူရှိကုန်သော ပရိဗိုဇ်တို့သည် “ငါ့သျှင်တို့ အဘယ်အကျိုးငှါရဟန်းဂေါတမထံ၌ မြတ်သောအကျင့်ကို ကျင့်သုံးနေထိုင်ကြပါသနည်း”ဟု သင်တို့ကို မေးမြန်းကုန်မူရဟန်းတို့ ဤကဲ့သို့ အမေးခံကြရသော သင်တို့သည် သာသနာ့ပြင်ပ အယူရှိကုန်သော ထိုပရိဗိုဇ်တို့အား”ငါ့သျှင်တို့ သံယောဇဉ်ကို ပယ်ကာ နိဗ္ဗာန်အကျိုးငှါ မြတ်စွာဘုရား၏ ထံတော်၌ မြတ်သောအကျင့်ကိုကျင့်သုံးနေထိုင်ကြပါ၏”ဟု ဖြေဆိုကြကုန်ရာ၏။ပ။ “ငါ့သျှင်တို့ အနုသယကို နုတ်ပယ်ကာ နိဗ္ဗာန်အကျိုးငှါမြတ်စွာဘုရား၏ ထံတော်၌ မြတ်သောအကျင့်ကို ကျင့်သုံးနေထိုင်ကြပါ၏”ဟု ဖြေဆိုကြကုန်ရာ၏။ပ။

“ငါ့သျှင်တို့ သံသရာအဓွန့်ကို ပိုင်းခြား၍ သိရာ နိဗ္ဗာန်အကျိုးငှါ မြတ်စွာဘုရား၏ ထံတော်၌ မြတ်သောအကျင့်ကို ကျင့်သုံးနေထိုင်ကြပါ၏”ဟု ဖြေဆိုကြကုန်ရာ၏။ပ။ “ငါ့သျှင်တို့ အာသဝတရားတို့၏ ကုန်ရာနိဗ္ဗာန်အကျိုးငှါ မြတ်စွာဘုရား၏ ထံတော်၌ မြတ်သောအကျင့်ကို ကျင့်သုံးနေထိုင်ကြပါ၏”ဟု ဖြေဆိုကြကုန်ရာ၏။ပ။ “ငါ့သျှင်တို့ ဝိဇ္ဇာဝိမုတ္တိဟုဆိုအပ်သောအရဟတ္တဖိုလ်ကို မျက်မှောက်ပြုခြင်းအကျိုးငှါမြတ်စွာဘုရား၏ ထံတော်၌ မြတ်သောအကျင့်ကို ကျင့်သုံးနေထိုင်ကြပါ၏”ဟု ဖြေဆိုကြကုန်ရာ၏။ပ။

“ငါ့သျှင်တို့ ပစ္စဝေက္ခဏာဉာဏ်အမြင်အကျိုးငှါ မြတ်စွာဘုရား၏ ထံတော်၌ မြတ်သောအကျင့်ကိုကျင့်သုံးနေထိုင်ကြပါ ၏“ဟု ဖြေဆိုကြကုန်ရာ၏ဟု။ပ။ (မိန့်တော်မူ၏)။

သတ္တမသုတ်။