သံယုတ္တနိကာယ်—၄၆
၅—စက္ကဝတ္တိဝဂ်
၆—ဒလိဒ္ဒသုတ်
၂၂၇။ အသျှင်ဘုရား “ပညာမွဲသူ ပညာမွဲသူ”ဟု ဆိုအပ်ပါ၏၊ အသျှင်ဘုရား အဘယ်ကြောင့်”ပညာမွဲသူ”ဟု ဆိုအပ်ပါသနည်းဟု (လျှောက်၏)။
ရဟန်း ဗောဇ္ဈင်ခုနစ်ပါးတို့ကို မပွါးများခြင်း ကြိမ်ဖန်များစွာ မပြုလုပ်ခြင်းကြောင့် “ပညာမွဲသူ”ဟုဆိုအပ်၏။ အဘယ်ခုနစ်ပါးတို့နည်း၊ သတိသမ္ဗောဇ္ဈင်။ပ။ ဥပေက္ခာသမ္ဗောဇ္ဈင်တို့တည်း။ ရဟန်း ဤဗောဇ္ဈင်ခုနစ်ပါးတို့ကို မပွါးများခြင်း ကြိမ်ဖန်များစွာ မပြုလုပ်ခြင်းကြောင့် “ပညာမွဲသူ”ဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။
ဆဋ္ဌသုတ်။