သံယုတ္တနိကာယ်—၅၁

၁—စာပါလဝဂ်

၃—အရိယသုတ်

၈၁၅။ ရဟန်းတို့ ဖြူစင်ကောင်းမြတ်၍ ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်းဖြစ်ကုန်သော ဤဣဒ္ဓိပါဒ်လေးပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် ထိုဣဒ္ဓိပါဒ်ကို ပြုလုပ်ပွါးများသူကို ကောင်းစွာ ဆင်းရဲကုန်ခြင်းငှါ ထုတ်ဆောင်ကုန်၏။ အဘယ်လေးပါးတို့နည်း၊

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆန္ဒကို မှီ၍ ဖြစ်သော သမာဓိ အားထုတ်မှုလုံ့လတို့ နှင့်ပြည့်စုံသော ဣဒ္ဓိပါဒ်ကို ပွါးများ၏၊ ဝီရိယကို မှီ၍ ဖြစ်သော သမာဓိ။ပ။ စိတ်ကို မှီ၍ ဖြစ်သောသမာဓိ။ပ။ ပညာကို မှီ၍ ဖြစ်သော သမာဓိ အားထုတ်မှု လုံ့လတို့နှင့် ပြည့်စုံသော ဣဒ္ဓိပါဒ်ကို ပွါးများ၏။

ရဟန်းတို့ ဖြူစင်ကောင်းမြတ်၍ ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်းဖြစ်သော ဤဣဒ္ဓိပါဒ်လေးပါးတို့ကိုပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် ထိုဣဒ္ဓိပါဒ်ကို ပြုလုပ်ပွါးများသူကို ကောင်းစွာဆင်းရဲကုန်ခြင်းငှါ ထုတ်ဆောင်ကုန်၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။