သံယုတ္တနိကာယ်—၅၆

၁၁—ပဉ္စ ဂတိပေယျာလဝဂ်

၇—၉—ဒေဝစုတိ နိရယာဒိသုတ်

၁၁၇၈—၁၁၈ဝ။ ရဟန်းတို့ ဤအတူပင် နတ်ဘဝမှ စုတေ၍ နတ်ဘဝ၌ ဖြစ်ကုန်သော သတ္တဝါတို့ သည်နည်းပါးကုန်၏၊ စင်စစ်အားဖြင့် နတ်ဘဝမှ စုတေ၍ ငရဲ၌ ဖြစ်ကုန်သော သတ္တဝါတို့သည်သာ ပို၍များကုန်၏။ပ။ တိရစ္ဆာန်ဘဝ၌ ဖြစ်ကုန်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ ပြိတ္တာဘဝ၌ ဖြစ်ကုန်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။

နဝမသုတ်။