သံယုတ္တနိကာယ်—၅၆

၁၁—ပဉ္စ ဂတိပေယျာလဝဂ်

၁၃—၁၅—နိရယမနုဿနိရယာဒိသုတ်

၁၁၈၄—၁၁၈၆။ ရဟန်းတို့ ဤအတူပင် ငရဲမှ စုတေ၍ လူ့ဘဝ၌ ဖြစ်ကုန်သော သတ္တဝါတို့သည်နည်းပါးကုန်၏၊ စင်စစ်အားဖြင့် ငရဲမှ စုတေ၍ ငရဲ၌ ဖြစ်ကုန်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ တိရစ္ဆာန်ဘဝ၌ ဖြစ်ကုန်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ ပြိတ္တာဘဝ၌ ဖြစ်ကုန်သောသတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။

ပန္နရသမသုတ်။